Uni
ဓနနှင့် ရုက္ခတို့ အကြည့်ချင်း စစ်ခင်းလျက်ရှိကြလေသည်။ ဓနဖက်က မုန်းတီးနေသည့် အကြည့်စူးစူးများဖြင့်ဖြစ်သော်လည်း ရုက္ခကမူ နောင်တတို့ဖြင့် လွမ်းမောသောအကြည့်တို့ဖြင့် ဖြစ်လေသည်။ ဝပ်တွားခယမှုများ ပါဝင်နေသည့် ထိုအကြည့်များကို ဓနက သတိမမူမိပါ။ သူသိသည်က သူ့ရှေ့မှ ထိုလူသည် နစ်နာသူဟန်ဆောင်နေသည့် သနားစဖွယ်အကြည့်များကို ဆောင်ယူနေသူသာ ဖြစ်လေသည်။
" ခင်ဗျား ဘာပြောလိုက်တယ် ? "
ဓနက သူ့အောက်ဖက်ရှိ လှေကားထစ်များဆီမှ ရုက္ခကိုကြည့်ကာ မေးလိုက်သည်။ ဓန၏မျက်နှာသည် ခင်ဗျား ' ပြောဝံ့လျှင်ပြောစမ်း ' ဟု စိန်ခေါ်နေသယောင်ရှိလေသည်။
ရုက္ခက လှေကားထစ်များကို တစ်ထစ်ချင်းတက်လာနေကာ ဓနကိုလည်း မော့ငေးကြည့်ရင်း စကားဆိုလာနေသည်။
" မင်းနဲ့ကိုယ်တို့နှစ်ယောက်ရဲ့ အိမ်ဖြစ်ခဲ့တာလို့ ပြောတာပါ "
ဓနက မဲ့ပြုံးတစ်ချက်ပြုံးကာလက်ညှိုးတစ်ချောင်းဖြင့် သူ့နားထင်သူ လှည့်ပြကာ
" ခင်ဗျား ဉာဏ်မမီတာလား၊ ဒါမှမဟုတ် ကျွန်တော့်ကို တစ်ယောက်ယောက်အမှတ်နဲ့ စိတ်စွဲနေတာလား "
ရုက္ခကမူ သူ့ကို လှောင်ပြောင်နေသည့် ဓနကို လွမ်းမောသည့်အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။ သူ့အမြင်တွင် ဓန၏ လှောင်ပြောင်နေသည့် ပုံစံလေးကပင် ကြည့်မဝနိုင်ဖွယ်ဖြစ်နေလေသည်။ ရုက္ခသည် ဓနကို ကလေးတစ်ယောက်အား ချစ်မြတ်နိုးသည့် အကြည့်တို့ဖြင့် ကြည့်နေသည့် လူကြီးတစ်ယောက်နှယ် ပြုံးနေလေသည်။
နှုတ်ခမ်းတို့သည် ကြည်နူးချမ်းမြေ့ခြင်းတို့ဖြင့် ပြုံးရွှင်နေကြ၏။ မျက်နှာသည့် မမြင်ဖူးခဲ့သော ရွှင်လန်းခြင်းတို့ဖြင့်ပြည့်နေပြီး အေးစက်ခြင်းတို့ပျောက်ကွယ်ကာ နူးညံ့ချောမွေ့နေလေသည်။ ထိုအခါ ရုက္ခသည် သဘောကောင်းပြီးတည်ကြည်ခန့်ညားသည့် လူကြီးလူကောင်းတစ်ယောက်၏ သွင်ပြင်ဟန်မျိုး ဖြစ်တည်လာသည်။
သူသည် ဓနရှိရာသို့ လှေကားတစ်ထစ်ချင်း တက်လှမ်း၍လာလေသည်။
YOU ARE READING
My Sweetheart Cupid
Rastgeleဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24