Unicode
ခုရက်ပိုင်းတွင် ဓန စိတ်မကြည်ပါ။ အကြောင်းက ဖူးစာရှင်ဟု အကြောင်းပြကာ အမြဲလိုလို အတူတူရှိနေတတ်သည့် ရူပါနှင့် ဒီရေတို့ကို ကြည့်မရဖြစ်နေခြင်းဖြစ်၏။ ရူပါနှင့်ဒီရေတို့ကမူ ဓန ဖြစ်နေသည့် အမြင်မကြည်ခြင်းတို့ကို မသိရှာပေ။ သူတို့အချင်းချင်းသည် ဖူးစာဖက်များဖြစ်သည်ဟု ဆိုကြသည့်အတိုင်း နွေးထွေးသောဆက်ဆံရေးဖြင့်ပင် ရှေ့ဆက်နေကြလေ၏။
တစ်ယောက်နှင့်တစ်ယောက် ဂရုတစိုက်ဖြင့် နွေးထွေးစွာဆက်ဆံကြပြီး တစ်ယောက်၏ အကြိုက်ကိုလည်း တစ်ယောက်က အလိုလိုနားလည်နေကြပြန်သည်။ နားလည်မှုများအလိုလို ရရှိနေကြကာ တစ်ယောက်အကြောင်းတစ်ယောက်ကိုလည်း ပိုမိုနားလည်လာကြ၏။
ဤသည်ကိုကြည့်ကာ ကိုစိတ်တိုဖြစ်နေသည်က ဓနသိဒ္ဓိပင်ဖြစ်လေသည်။ ညီမဖြစ်သူကို အူတိုသည်ကတစ်ကြောင်း၊ ဒီရေ့ကို အမြင်မကြည်သည်ကတစ်ကြောင်း၊ အချစ်ဆိုသည့်အရာကို ယုံကြည်လက်ခံပေးနိုင်ရန် အသင့်မဖြစ်သေးသည်ကတစ်ကြောင်းကြောင့် သူသည် သူ့ရှေ့တွင် သံယောဇဉ်တွယ်ညှိစပြုလာသည့် ရူပါတို့ကို ကြည်ကြည်ဖြူဖြူလက်ခံလိုက်ရန် ခက်ခဲနေခဲ့၏။
ယခုလည်း ရူပါက ပန်းအ်ိုးများထဲမှ ပန်းပင်လေးများကိုပြုပြင်နေကာ ဒီရေက ရူပါ့အနားတွင် ကူညီပေးရန် အဆင်သင့်ဖြစ်နေလေသည်။ ရူပါက လှပစွာပုံသွင်းပြီးသည့် ပန်းပင်လေးများကို ဒီရေက ပန်းအိုးလေးများအလိုက် မ'ယူကာ ရူပါ ထားချင်သည့်နေရာသို့ ရွေ့ပြောင်းပေးနေ၏။
ထိုအဖြစ်တို့ကို မျက်ခုံးနှစ်ခုတွန့်ချိုးကာ အိမ်အဝင်ဝမှ ကြည့်နေမိသူက ဓနသာဖြစ်သည်။ ထိုစဉ် ဘိုးဘိုးက အပြင်ထွက်လျှင် ကိုင်ဆောင်လေ့ရှိသည့် လက်ပွေ့အိတ်ကြီးကို ကိုင်လျက် ထွက်လာသည်။
" ဘိုးဘိုး ! "
သူ့ခေါ်သံက အလိုမကျမှုကြောင့် ခပ်ဆတ်ဆတ်ဖြစ်နေ၏။ ဦးရောင်ထည်က ဓနကို လှည့်ကြည့်သည်။
" ဘာလဲ မြေးရဲ့ "
" ဟိုမှာ ကြည့် ! "
ဓနက ရူပါနှင့် ဒီရေတို့ထံ မေးဆတ်ပြ၏။ ဦးရောင်ထည်က မျက်မှန်ကို တစ်ချက်ပြင်ကာ ဓန ညွှန်ပြရာဆီသို့ လိုက်ကြည့်သည်။ ထို့နောက် မြင်နေကျ မြင်ကွင်းတစ်ခုအား မြင်ရသည့်ပုံစံဖြင့်သာ ဓနကို ပြန်မေးသည်။
YOU ARE READING
My Sweetheart Cupid
Randomဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24