၂၃

156 2 0
                                    

Uni

မိသားစု စာအုပ်ခန်း....

ထိုအခန်းအတွင်း၌ စာအုပ်ဗီရိုများ နံရံကပ်စာအုပ်စင်များဖြင့် ပြည့်နေသည်။ ထိုစာအုပ်စင်များထက်တွင် စာအုပ်စာပေးအမျိုးမျိုးဖြင့် ပြည့်နေလေသည်။ အထူးသဖြင့် မိသားစုမျိုးဆက်၏ အထူးခြားဆုံးဖြစ်ခဲ့သော မျိုးဆက်၏စာအုပ်စာပေများကို အဓိကထား ထိန်းသိမ်းထားခဲ့ကြသည်။

ထိုအထဲတွင် ရူပါနှင့်ဒီရေတို့ အမြွှာမောင်နှမ၏ ဇာတာကိုပါ သေချာသိမ်းဆည်းထားခဲ့၏။ ထိုဇာတာများသည် ယခု ဓနသိဒ္ဓိနှင့် ရူပါသိဒ္ဓိတို့၏ မွေးဇာတာခွင်များနှင့် ထပ်တူကျသည်ကို တွေ့ရှိရပြီးသည့်နောက် ဦးရောင်ထည်က ဓနနှင့်ရူပါတို့၏ အိမ်ထောင်ရေးကို ပိုမိုစိုးရိမ်ကြီးနေခဲ့ခြင်းလည်းဖြစ်လေသည်။

" သေချာပေါက်ရှိပါတယ် "

ဦးရောင်ထည် ထိုအခန်းထဲရောက်နေသည်မှာ တစ်နာရီခန့်ရှိပြီဖြစ်ပြီး တစ်စုံတစ်ရာကို ရှာဖွေနေခြင်းလည်းဖြစ်သည်။ ထိုအရာက သူ့သံသယကို အတည်ပြုပေးနိုင်မည်ဖြစ်သဖြင့် အားမလျော့တမ်း ရှာနေမိခြင်းလည်းဖြစ်၏။

" တစ်နေရာရာမှာ သေချာပေါက်ရှိမှာပါ "

ဦးရောင်ထည်က ရေရွတ်ရင်း စာအုပ်အဟောင်းပုံများကြား ထပ်မံရှာဖွေနေပြန်သည်။

သူရှာနေသည်က အ‌ဘိုးတော်စပ်သူ ဓန၏ ပုံတူရေးဆွဲသည့်စာအုပ်ပင်ဖြစ်သည်။ ထိုစာအုပ်အတွင်း ဓနက သူသဘောကျသည့်အရာရာတိုင်းကို ပုံတူရေးဆွဲကာ အမှတ်တရထားလေ့ရှိ၏။ ထိုစာအုပ်အတွင်း သူသိမြင်လိုသည့် အဓိကအကြောင်းအရာရှိနေသည်။

ထိုအရာက မြေးရူပါလေး၏ စေ့စပ်ပွဲနေ့တွင် လာရောက်ခဲ့သည့် လူငယ်တစ်ယောက်နှင့် ပတ်သက်နေလေသည်။ ထိုလူငယ်ကို သူ မြင်ဖူးနေသည်။ မိသားစု၏ သမိုင်းကျောင်းကို သတိထားနေထိုင်ခဲ့သူ ဖြစ်သည့်အလျောက် ထိုပုံတူရေးဆွဲစာအုပ်ကို အကြိမ်ပေါင်းများစွာ ကြည့်ရှုခဲ့ဖူး၏။

ထိုစာအုပ်ထဲတွင် အများဆုံးမြင်ခဲ့ရသည်က လူငယ်လေးတစ်ယောက်၏ ပုံတူပင်ဖြစ်လေသည်။ အကြိမ်ပေါင်းများစွာ ရေးဆွဲထားခြင်းက နှလုံးသည်းပွတ်တွင် စွဲထင်နေခြင်းကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် ရင်းနှစ်သည်းချာ ချစ်မြတ်နိုးရသူဖြစ်နေ၍လည်း ဖြစ်လိမ့်မည်။

My Sweetheart CupidWhere stories live. Discover now