1

1.5K 21 0
                                    

Uni

လှပသော နေ့ရက်တစ်ခု၏ အစတွင်ဖြစ်ပါသည်။ မနက်ခင်း၏ အလှကို လူများက သက်ဝင်လှုပ်ရှားစေ၏။ သဘာဝတရား၏ ပံ့ပိုးမှုတို့ဖြင့် လောကတစ်ခွင်သည် ပြည့်စုံသောအလှတရားတို့ဖြင့် ဖြစ်သည်။

သဘာဝတရားဟုဆိုရာတွင် လူတို့ မြင်နိုင်၊ တွေ့နိုင်၊ ထိတွေ့နိုင်သော အရာများရှိသကဲ့သို့ လူတို့ ထိတွေ့မြင်နိုင်ရန် ခက်ခဲကြသော ထူးခြားဆန်းကျယ်သည့် အရာများလည်းရှိသည်။

ထိုအရာတို့၏ ဖြစ်တည်မှုကို လူအချို့က ယုံကြည်ကြပြီး အချို့ကမူ ပုံပြင်သက်သက်သာ မှတ်ယူကြ၏။ လူသားတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ထိုအရာတို့၏ ဖြစ်တည်မှုက ကွယ်ပျောက်မသွား၊ ဆက်လက်တည်ရှိနေသည်သာဖြစ်သည်။

သာမန်မျက်စိဖြင့် မြင်နိုင်ရန်ခဲယဉ်းကြပြီး တည်ရှိမှုကို အသိအမှတ်ပြုရန် ခက်ခဲသည့် အရာများတွင် သူတို့လည်း ပါဝင်သည်။ သူတို့ ဆိုသည်ကား လူသားနှစ်ယောက်ကြား စစ်မှန်သော ချစ်ခြင်းမေတ္တာတို့ကို မွေးဖွားစေကာ လက်တွဲနိုင်သည်အထိ ကူညီပေးကြရသော မြှားနတ်မောင်လေးများပင်ဖြစ်လေသည်။

သူသည် မြှားနတ်မောင်အဖွဲ့၏ နောက်ဆုံးအဖွဲ့ဝင်ဖြစ်သည်။ မြှားနတ်မောင်အဖြစ် စစ်မှန်သည့် စုံတွဲပေါင်း တစ်ထောင့်ငါးရာကို စုံဖက်ပေးရသည့် တာဝန်ရှိသည်။ တာဝန်ကျေပွန်သူများသည် အလိုရှိရာ ဆုတောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ကြသည်။ လူသားများဖြင့် နီးစပ်သည့် မြှားနတ်မောင်လေးများ၏ ဆုတောင်းမှာ လူသားဘဝကို သွားရောက်ဝင်စားရန်သာ ဖြစ်လေသည်။

ထို့အတူ သူသည်လည်း အတူတူပင်။ စစ်မှန်သည့် ဖူးစာဖက်များကို ပေါင်းဖက်ပေးပြီးနောက် လူ့ဘဝတွင် ပြန်ဝင်စားလိုသည်။ ချစ်ခြင်းမေတ္တာကို နှလုံးသားဖြင့် ခံစားကြည့်ချင်သည်။ ထို့ကြောင့် သူသည် မြှားနတ်မောင်အဖြစ် တာဝန်ထမ်းဆောင်ကတည်းက သူတာဝန်ကျရာ နယ်မြေတွင် စုံတွဲများကို ကြိုးကြိုးစားစားဖြင့် ဖူးစာဖက်တို့ကို ရှာဖွေပေါင်းဖက်ပေးခဲ့လေသည်။

ဤသို့ဖြင့် သူသည် စုံတွဲပေါင်း တစ်ထောင့်လေးရာကိုးဆယ့်ကိုးတွဲကို ဖူးစာဖက်ပေးနိုင်ခဲ့လေသည်။ ထို့အပြင် သူ နောက်ထပ် ဖူးစာဖက်ပေးရမည့် လူငယ်လေးများကိုလည်း မြင်တွေ့ထားပြီးဖြစ်သည်။

My Sweetheart CupidWhere stories live. Discover now