၂၅

152 1 0
                                    

Uni

" ဒီနေရာက အဘေးရဲ့အရိပ်တွေ အများဆုံးဖြစ်လိမ့်မယ် "

ရွက်သစ်ပုံနှိုင်းလည်း ဓနပြသည့် အခန်းသို့ ဝင်ကြည့်လိုက်၏။
တစ်ခန်းလုံးက ပန်းချီကားများဖြင့်ပြည့်နေပြီး အခန်းကိုလည်း အပူချိန်မှစ၍ သေချာဂရုစိုက်ထားသည်။ ပန်းချီကားတော်တော်များများက ဟောင်းနွမ်းသော်လည်း ကောင်းမွန်နေဆဲဖြစ်သည်။

" လှလိုက်တာ ...... "

ရွက်သစ်က ပါးစပ်အဟောင်းသားဖြင့် တအံ့တဩရေရွတ်၏။ ဓနက ရွက်သစ်နှင့်အတူရပ်ကြည့်နေရင်း

" ဘယ်လိုလဲ ဒီနေရာဆို ဖြစ်နိုင်လား "

ရွက်သစ်က အတိတ်ဘဝကို ပြန်သိမြင်နိုင်စေရန် အတိတ်ကာလက ဘိုးဘွားတို့၏ အရိပ်အငွေ့များရှိနေသေးသည့် နေရာတစ်ခုကို ရှာဖွေရန် ပြောခဲ့၏။ ဓနတို့နေထိုင်ရာနေအိမ်ကြီးကား ရှေးခေတ်အဆောက်အအုံကို ပြန်လည်မွမ်းမံထားခြင်းဖြစ်သဖြင့် အတွင်းပိုင်းအခန်းများသည် ယခင်ကတည်းက တည်ရှိနေပြီးသားပင်ဖြစ်သည်။ ထို့ကြောင့် အဘေးဖြစ်သူဦးဓန၏ ပန်းချီခန်းသည်လည်း သီးသီးသန့်သန့်လေး တည်ရှိနေတုန်းပင်ဖြစ်၏။

" အင်း..... ဖြစ်နိုင်ပါတယ် "

" ဟုတ်ပြီ... ဘာလုပ်ဖို့လိုတာလဲ "

ဓနက ရွက်သစ်မှာသည့်အတိုင်း အခန်းထဲတွင် ဒရင်းဘတ်တစ်ခုကို ချခင်းထားသည်။ ဒရင်းဘတ် နံဘေးတွင် ထိုင်ခုံတစ်လုံးရှိကာ အပြင်အဆင်က အိပ်မွေ့ချမည့် အနေအထားမျိုးဖြစ်နေ၏။

ဤအခန်းက‌ ဂရုတစိုက်ပြင်ဆင်ထားသည့်အခန်းဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်တစ်ခုကဲ့သို့ပင် ဦးရောင်ထည်က ထိန်းသိမ်းထားခဲ့သည်။ ထို့ကြောင့် အခန်းက သန့်ရှင်းနေပြီး ပန်းချီကားများကလည်း သစ်လွင်လှပနေဆဲဖြစ်သည်။

ဓနက ဒရင်းဘတ်ပေါ်သို့ ဝင်လှဲသည်။

" ကိုယ် ဒီမှာအိပ်ရမှာမလား "

" အင်း... ဟုတ်တယ် "

ဓနက နေရာတကျဝင်လှဲအိပ်သည်။ ရွက်သစ်ကလည်း ဒရင်းဘတ်နံဘေးရှိခုံတွင် ဝင်ထိုင်သည်။

My Sweetheart CupidWhere stories live. Discover now