10

206 3 0
                                    

Uni

" ကျွန်တော့်ကို ပြောပြမယ်မလား "

ဓနက ရွက်သစ်၏ တည်ငြိမ်နေသည့်မျက်နှာကိုကြည့်ကာ မေး၏။ ရွက်သစ်ကလည်း သူတို့နှစ်ယောက်ကြားရှိ အလှစားပွဲခုံငယ်လေး၏ မျက်နှာပြင်ကို စိုက်ကြည့်နေရာမှ မျက်လွှာပင့်ကြည့်သည်။

ဓနသည် ထိုအကြည့်ကို ရင်မဆိုင်နိုင်သည့်နှယ် အကြည့်များကို လွှဲဖယ်ပစ်လိုက်သည်။ သူ့အကြည့်များကို ရွက်စိမ်းများထပ်နေသည့် ခြံဝင်းထဲရှိ ပိတောက်ပင်ကြီးထံ ပို့လိုက်သည်။ ပိတောက်ရွက်နုနုတို့ကိုမြင်လျှင် သူရင်မဆိုင်ဝံ့ခဲ့သည့် မျက်လုံးစိမ်းလေးများကို မြင်ယောင်လာပြန်သည်။

" အရင်က မပြောဖြစ်ပေမယ့် အခုတော့ ပြောမှဖြစ်မယ်၊ ကျွန်တော်လေ ခင်ဗျား မျက်လွှာပင့်ကြည့်လိုက်တိုင်း ကြက်သီးတွေထလာသလိုခံစားရတယ် "

" ဘာဖြစ်လို့ ! "

" ခင်ဗျားမျက်လုံးတွေက အစိမ်းရောင်တွေမလား၊ အဲ့ဒါကြောင့် မြင်ရတာ တစ်မျိုးခံစားရလို့ထင်တယ် "

" အင်း.... ငါ့မျက်လုံးတွေကို အမှန်အတိုင်းမြင်နိုင်ခဲ့တာ မင်းတစ်ယောက်ပဲ ရှိခဲ့တာပဲ "

ရွက်သစ်က သက်ပြင်းလေးချရင်း ပြောသည်။

" တခြားသူတွေက ဘာဖြစ်လို့ မမြင်နိုင်ကြတာလဲ "

" ငါမသိဘူး ဓန၊ ငါ့အပြစ်အတွက် ငါ ဒီပုံစံနဲ့ ရှင်သန်နေရတယ်၊ ငါ့အပြစ်ကျိန်စာကို ဖြေပျောက်ဖို့ ငါ့ဘဝကို အမှန်အတိုင်းမြင်နိုင်မယ့်လူကို ရှာရမယ်၊ အဲ့ဒါပဲ ငါသိတယ် "

" ခင်ဗျားက ဘာအပြစ်ကိုများ ကျူးလွန်ခဲ့မိလို့လဲ "

ဓန၏ အမေးတွင် ရွက်သစ်ငိုင်ကျသွားရှာသည်။ သူ့မှတ်ဉာဏ်၏ တစ်ပိုင်းတစ်စတို့သည် ဖျောက်ဖျက်ခံထားရသကဲ့သို့ရှိနေကာ၊ တစ်ချို့ကိုသာ မှတ်မိ၏။

" ငါက ဖူးစာဖက်ပေးတဲ့ မြားနတ်မောင်တစ်ယောက်ဆိုတာ မင်း ကိုယ်တိုင်မြင်ပြီးပြီမို့ သိပြီးသားဖြစ်မှာပါ "

ဓနက ခေါင်းအသာငြိမ့်ပြသည်။

" မြားနတ်မောင်ဆိုတဲ့ ဖြစ်တည်မှုကို တကယ်ရှိခဲ့တာလို့ မထင်ခဲ့ဖူးတာပဲရှိတာပါ၊ မြားနတ်မောင်ဆိုတာတော့ လူတိုင်း သိထားကြတဲ့ စကားပါပဲ "

My Sweetheart CupidWhere stories live. Discover now