Uni
မနက်ခင်းနေရောင်ခြည်ကနွေးနွေးက ရာသီဥတုကြည်လင်သဖြင့် လှပနွေးထွေးစွာ တောက်ပနေ၏။ မနက်ခင်းလမ်းလျှောက်၍ ပြန်လာသည့် ဒီရေလည် ခြံဝင်းထဲရှိကွပ်ပျစ်တွင်ထိုင်ရင်း အမောဖြေနေမိသည်။
သူ့ကို ဆရာက ဖူးစာရှင်နှင့်တွေ့ရမည်ဟုဆိုကာ ခေါ်လာသော်လည်း ယခုတိုင် မည်သူနှင့်မှ မိတ်ဆက်မပေးသေးပါ။ သူ့ဖေဖေကမူ ဖုန်းတဂွမ်ဂွမ်ဆက်ကာ ဆရာစီစဉ်ပေးမည်ဟုဆိုသည့် မိန်းကလေးအကြောင်း မေးလှသည်။ သူကမူ ပြန်ဖြေရန်မရှိ။
တစ်ပတ်ကြာခဲ့သည့်တိုင် ဆရာက အရင်ကအောင်သွယ်ခြင်းများထက် ပို၍ နှေးကွေးနေ၏။ မသိလျှင်ဆရာက အောင်သွယ်အလုပ်ကိုမလုပ်ဘဲ တစ်စုံတစ်ခုကို အတွေးလွန်နေသည်နှင့်တူသည်။ အရင်ကစုံတွဲများဆိုလျှင် ရက်ပိုင်းအတွင်း အဆင်ပြေသွားကြသည်ကများ၏။ ဆရာ့စီစဉ်တွေ့ဆုံပေးမှုအောက်တွင် မည်သူကမှ စောဒကမတက်ကြ။ အမှန်တကယ်လည်း ဖူးစာဖက်သွားကြသည်သာ။
" ဟူး !!!!!! "
သက်ပြင်းတစ်ချက်ချရင်း လေပူပူများကို မှုတ်ထုတ်လိုက်၏။
" ကိုဧည့်သည် ! ဘာတွေတွေးနေတာလဲ၊ သက်ပြင်းတွေလည်းချလို့ပါလား "
နောက်ကျောဆီမှစကားသံကြောင့် ဒီရေလှည့်ကြည့်လိုက်လျှင် အိမ်ကြီးရှင်မိန်းကလေးရူပါသိဒ္ဓိကိုတွေ့ရ၏။ လှပသည့် မိန်းမပျိုလေးက သူ့ရှေ့သို့ အငွေ့တထောင်းထောင်းထနေသည့် ကောက်ညှင်းနက်ပေါင်းပန်းကန်ကို တည်ခင်းသည်။ အကြော်စုံပန်းကန်ကိုလည်း သူယူစားနိုင်စေရန် အနားသို့တိုးပေး၏။
" စားပါဦး လယ်ကရတဲ့ ကောက်ညှင်းသန့်သန့်မို့ ခံတွင်းတွေ့မှာ သေချာပါတယ် "
ရူပါက ဒီရေ့ကိုဧည့်ခံရင်း ပြော၏။ သူမကလည်း လက်ဖြူဖြူနုနုလေးများဖြင့် ကောက်ညှင်းပေါင်းများကို ဆုပ်ယူ၏။ထမင်းလုံးလေးများအဖြစ် ပြုလုပ်ပြီးသော် ပန်းကန်နှုတ်ခမ်းတွင်ပြန်တင်ပေးသည်။ သဘောက ဒီရေကို သုံးဆောင်ပါဟု ဆိုချင်ပုံပေါ်ပါသည်။
ဒီရေလည်း ထိုကောက်ညှင်းဆုပ်လေးများကိုယူ၍ အားရပါးရ စားလိုက်၏။ ချိုဆိမ့်ဆိမ့်အရသာက အစာအိမ်မှသည် တစ်ကိုယ်လုံးသို့တိုင် ပျံ့နှံ့လေသည်။ သူ မပြုံးဘဲ မနေနိုင်။ မကြည်နူးဘဲ မနေနိုင်။
YOU ARE READING
My Sweetheart Cupid
Randomဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24