11

155 2 0
                                    

Uni

အပြန်ခရီးက ချောမွေ့လှ၏။ နှစ်ယောက်သား အဆင်ပြေပြေပင် ပြန်လာခဲ့ကြသည်။ ဓနကလည်း စာအုပ်တိုက်နှင့် ညှိနှိုင်းကာ အချိန်တစ်ခုအထိ စာရေးခြင်းကို နားထားမည်ဖြစ်ကြောင်း အသိပေးကာ သဘောတူညီမှု ယူခဲ့သည်။

ရွက်သစ်ကလည်း သူနှင့်သက်ဆိုင်သည့် အပြစ်ငြိမ်းသစ်ပင်ကို ‌သစ်သားသေတ္တာလေးဖြင့် ဂရုတစိုက်ထည့်ယူလာခဲ့၏။ ကားပေါ်တွင်လည်း ထိုသေတ္တာလေးကို သူတို့အနားကိုသာ ယူထားရင်း ဂရုတစိုက်သယ်လာခဲ့ကြသည်။

ခရီးအတူတူသွားခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာခဲ့ကြလေသည်။ ဓန၏အမြင်တွင် ရွက်သစ်သည် လူဂွစာတစ်ယောက် မဟုတ်တော့သကဲ့သို့ ရွက်သစ်အတွက်လည်း ဓနသည် လူကန့်လန့်လေးတစ်ယောက် မဟုတ်ခဲ့တော့ပေ။ တစ်ယောက်နှင့်တစ်ယောက် အမြင်ကြည်လာကြ၏။

တစ်ညလုံး ကားစီးပြီးနောက် မနက်ခင်းတွင် ...မြို့လေးသို့ပြန်ရောက်ခဲ့ကြလေသည်။ သူတို့လည်း ကားပေါ်မှဆင်းကာ အငှားယာဉ်ရှာကြ၏။ မနက်ခင်းစောစောရောက်မည်ဖြစ်သဖြင့် အိမ်ကိုလည်း အကြိုမမှာဖြစ်ကြပေ။ ထို့ကြောင့် အိမ်ပြန်ရန် သူတို့အစီအစဉ်နှင့်သူတို့သာ ဖြစ်သည်။

" ရွက်သစ်ပုံနှိုင်း ဒီမှာ ခဏစောင့်နေနော်၊ ဟိုဘက်မှာ ကျွန်တော့်အသိအငှားကားမောင်းတဲ့သူရှိတယ်၊ သွားခေါ်လိုက်မယ် "

" အင်း "

ဓနက အိုးဝေမငှားဘဲ ကားငှားမည်ဟုဆိုကာ ထွက်သွား၏။ ရွက်သစ်လည်း လူရှင်းသည့်နေရာလေးသို့လျှောက်လာရင်း စောင့်နေလိုက်သည်။

ရွက်သစ်က သေတ္တာငယ်လေးကိုပိုက်ကာ ရပ်စောင့်နေသည်။ ထိုစဉ် ရွက်သစ်ရှေ့သို့ ကားတစ်စီး ဆိုက်လာလေသည်။ ရွက်သစ်လည်း မှန်အမည်းများတပ်ဆင်ထားသည့်ကားကို ကြည့်ရုံသာကြည့်လိုက်ပြီး မျက်နှာလွှဲ၏။ ဒီမြို့လေးတွင် သူ့အသိမရှိသဖြင့် လာရပ်သည့်ကားကလည်း သူနှင့်မသက်ဆိုင်ဟုသာ ထင်သည်။ ဓနသွားရာဘက်သို့သာ ပြန်ကြည့်နေမိ၏။ ဓနပြန်လာသည်ကိုမူ မမြင်ရသေး။ ကားကိုရှာ‌နေရပုံပေါ်၏။

My Sweetheart CupidWhere stories live. Discover now