၂၀

156 2 0
                                    

Uni

" မင်း ဘာလုပ်တာလဲ "

ဓနက ရွက်သစ်နားမလည်နိုင်သည့် အပြုံးမျိုးဖြင့် ရှိနေခဲ့လေသည်။ ထို့နောက် သူ့လက်သူကြွယ်တွင် အံဝင်ခွင်ကျရှိနေသည့် လက်စွပ်ကို ထောင်ပြလာသည်။ ရွက်သစ် မျက်လုံးများပြူးသွားရတော့သည်။

" မင်း မင်း ဘာလုပ်လိုက်တာလဲ "

ဓနက သူ့လက်တွင် အံဝင်ခွင်ကျရှိနေသည့် လက်စွပ်ကို တစ်ချက်ကြည့်ကာ မျက်နှာချင်းဆိုင်တွင် ရှိနေသည့် ရွက်သစ်၏ လက်ကိုဆွဲယူကြည့်သည်။

ဖြူဖွေးနူးညံ့သော လက်ချောင်းလေး၏အရင်းတွင် ပန်းနုရောင်လက်စွပ်လေးသည် လိုက်ဖက်လွန်းစွာရှိနေသည်။ ဓနသည် ဖူးစာဖက်လက်စွပ်များကို အတူတူစွပ်ထားကြသည့် သူတို့နှစ်ယောက်၏လက်များကို ယှဉ်ကြည့်နေရာမှ ရွက်သစ်၏လက်မှ လက်စွပ်လေးကို အသာအယာပွတ်သပ်လိုက်မိသည်။

" ဓန "

ရွက်သစ်က ဓန၏နာမည်ကို ကြိတ်ခေါ်ကာ လက်ကိုလည်း ရုန်းထွက်၏။ သို့သော် ဓနက ထိုလက်ကို လွှတ်မပေးခဲ့ဘဲ ခပ်တင်းတင်းဆုပ်ကိုင်ထား၏။

" ခင်ဗျားပဲ ပြောခဲ့တယ်လေ "

" ဘာလဲ "

ဓနက ရွက်သစ်၏လက်ရှိ လက်စွပ်လေးကို လက်မဖြင့်ဖွဖွပွတ်သပ်ရင်း မေးသည်။

" ကျွန်တော့်ရင်ခုန်သံကို မကြားရဘူးဆို "

" ဟုတ်တယ်လေ "

ဓနသည် လက်စွပ်လေးဝတ်ထားသည့်လက်ကို အသာဆုပ်ကိုင်၍ သူ့ဝဲဘက်ရင်ဘတ်သို့ ဖိကပ်စေလိုက်သည်။

" ခင်ဗျားအနားမှာရှိချိန်တိုင်း ဒီလောက်မြန်ဆန်နေတဲ့ ရင်ခုန်သံတွေကို ခင်ဗျား တကယ်ပဲ မကြားနိုင်တာ ဖြစ်နိုင်ရဲ့လား "

ဓနအတွက် မြန်ဆန်လွန်းသည်ဟုဆိုသည့် ရင်ခုန်သံကို လူသားတစ်ယောက်အနေနှင့် ကြားနိုင် ခံစားနိုင်လိမ့်မည်ဖြစ်သော်လည်း ရွက်သစ်အတွက်ကမူ ဓနဟုခေါ်သည့်လူသားသည်က သူဖြေရှင်းမရသည့် ပုစ္ဆာတစ်ပုဒ်ဖြစ်နေဆဲပင်။

" တကယ်ကိုပဲ ငါ မကြားနိုင်ခဲ့တာပါ အခုထိပဲ... "

" ကျွန်တော် မယုံဘူး "

My Sweetheart CupidWhere stories live. Discover now