၁၅

200 2 0
                                    

Uni

ရွက်သစ်၏တိုက်ခန်းရှိ ဧည့်ခန်းတွင်ဖြစ်သည်။ ဧည့်ခန်းရှိ စားပွဲပုလေး၏ မျက်နှာပြင်အလယ်တွင် သစ်ပင်ငယ်လေးကို တင်ထားကာ လူသုံးယောက်သား သေချာကြည့်ရှုနေမိကြသည်။

အပင်ငယ်လေးက လေမတိုက်ပါဘဲ တောင်ပံသဏ္ဌာန် အဖြူရောင်အရွက်အစုံလေးများက အသက်ဝင်နေသည့်နှယ် တနွဲ့နွဲ့လှုပ်ခါနေကြ၏။ အသက်ဝင်လာသည့် သားလောင်းလေးကဲ့သို့ အရွက်လေးများက အသက်ဝင်စပြုလာကြသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းလေသည်။ ကြည့်ရသည်မှာလည်း စိတ်လှုပ်ရှားစရာကောင်း၏။ လူသားတို့၏လောကတွင် မရှိဖူး၊ မမြင်ဖူးခဲ့သည့် အဖြစ်မျိုးဖြစ်သဖြင့် ပို၍ စိတ်ဝင်စားဖွယ်ကောင်းနေခြင်းလည်း ဖြစ်နိုင်သည်။

" ဒါ တကယ်ပဲ ပန်းဖူးလေးလားဟင် "

ဒီရေက မယုံနိုင်သည့်နှယ် မေးလိုက်သည်။ ဒီရေက အဘိုးဖြစ်သူ၏ စကားများကြောင့် ရွက်သစ်အကြောင်း သိသင့်သမျှသိသဖြင့် ရွက်သစ် ထိုသစ်ပင်ငယ်လေးထံမှ ပန်းပွင့်သည့်အချိန်ကို စောင့်နေကြောင်း နားလည်လေသည်။ သူသိသမျှကိုလည်း ရွက်သစ်ကို မသိစေဘဲ အလိုက်သင့်သာ နေထိုင်ခြင်းဖြင့် ရွက်သစ်ကို ဂရုစိုက်ပေး၏။

ရွက်သစ်က ခေါင်းငြိမ့်၏။

" ဟုတ်တယ် သူ ပန်းပွင့်လာတော့မယ်လို့ ငါထင်တယ် "

ရွက်သစ်၏အကြည့်က မရယ်မပြုံးဖြင့် သစ်ပင်ငယ်ကို စိုက်ကြည့်နေသည့် ဓနထံ ကျရောက်နေသည်။ ဓနက သစ်ပင်ငယ်မှ ပန်းဖူးလေးထံ ‌စိုက်ကြည့်နေသည်။ ထိုအကြည့်များကို ရွက်သစ် ဝေခွဲမရနိုင်ဖြစ်နေသည်။

ဓန၏အကြည့်တို့က ထိုပန်းဖူးလေးထွက်‌ပြူလာခြင်းကို မနှစ်သက်နေသည့်နှယ် ခံစားနေရ၏။ ပန်းဖူးငုံလေးကို ကြည့်နေပုံက ဖြစ်နိုင်လျှင် ထိုပန်းဖူးလေးကို ဆွဲယူလွှင့်ပစ်ချင်နေသည်ဟုပင် ထင်နေရသောကြောင့်

" ဓန "

သူတိုးတိုးခေါ်လိုက်သော် ဓနက ရွက်သစ်ကို ကြည့်လာ၏။

" မင်း တစ်ခုခု စဉ်းစားနေတာလား "

ရွက်သစ်မေးလိုက်သောအခါ ဓနက မျက်လွှာချသွားသည်။ ထို့နောက် ရွက်သစ်ကို မျက်လွှာပင့်ကြည့်လာကာ

My Sweetheart CupidWhere stories live. Discover now