Uni
သုံးထပ်တိုက်အဆောက်အအုံကြီးက နယ်မြို့လေးနှင့် မလိုက်ဖက်လောက်သည်အထိပင် မြင့်မားခမ်းနားနေခဲ့သည်။ စုလစ်မွန်းချွန်များကဲ့သို့သော အချွန်အတက်များဖြင့် တန်ဆာဆင်ထားသည့် အမိုးကြီးက ရဲတိုက်ကြီးတစ်ခုနှယ် ခန့်ညားထည်ဝါနေ၏။
ကိုလိုနီခေတ်၏အကျွင်းအကျန် အဆောက်အဦးတစ်ခုကဲ့သို့ အထီးကျန်ထည်ဝါခြင်းများဖြင့် အနီးအနားပတ်ဝန်းကျင်ကို ပိုင်းခြားထား၏။ ထိုအဆောက်အဦးထဲတွင် နေထိုင်ကြသည့်မိသားစုများကို တစ်ရပ်ကွက်တည်းနေ လူများက ကျိန်စာသင့်မိသားစုဟု ခေါ်ကြလေသည်။
ထိုအဆောက်အဦးကြီး၏ အပေါ်ဆုံးထပ်ကို အားလုံးက ကျိန်စာသင့်အဆောက်အအုံကြီး၏ အမြင့်ဆုံးအထပ်အဖြစ် သတ်မှတ်ကြ၏။ ဘိုးဘေးရာဇဝင်များအရ ထိုအထပ်သည် ကြောက်မက်ဖွယ် ဖြစ်ရပ်များ ဖြစ်ခဲ့သည့် နေရာတစ်ခုအဖြစ် မှတ်တမ်းဝင်သည်။
ထိုအချိန်မှစ၍ ထိုအပေါ်ဆုံးထပ်တွင် လူသူနေထိုင်ခြင်းမရှိကြဟု အားလုံးက သိထားကြ၏။ သို့သော် တစ်ခါတစ်ရံ ထိုအထပ်မြင့်ကြီးဆီမှ နာနာကျင်ကျင် ညည်းတွားသံများ ကြားကြရပြီး တစ်ခါတစ်ရံတွင် ခြောက်ခြားဖွယ် ရယ်သံကြီးများ ကြားရတတ်သည် ဟု တစ်ဆင့်စကား ဆိုကြသည်။
သို့သော် ထိုအိမ်ကြီး၏တွင် နေထိုင်ကြသည့် မိသားစုဝင်များကမူ ထိုအဖြစ်အပျက်များ၊ အသံများကို မည်သည့်အခါမှ မကြားခဲ့ကြရဖူးပါ ဟု ငြင်းဆိုခဲ့ကြလေသည်။
ယနေ့လည်း ထိုအိမ်ကြီး၏ အပေါ်ဆုံးအထပ်ဆီမှ အသံနက်ဖြင့် ရယ်မောသံသဲ့သဲ့ကို ကြားလိုက်ကြသူများ ရှိကြ၏။ တစ်ချို့သော အိမ်နီးနားချင်းများသည် ထိုရယ်သံကိုကြားလျှင် မကောင်းသည့်နိမိတ်တစ်ခုနှယ် မှတ်ယူကာ အိမ်တံခါး၊ ဝင်းတံခါးတို့ကို စောစီးစွာပိတ်၍ အနားယူသွားကြလေသည်။
ထိုအိမ်ကြီးကြောင့်ပင် ထိုရပ်ကွက်ငယ်သည် စောစီးစွာ တိတ်ဆိတ်၍သွား၏။ ဤသည်နှင့်ဆန့်ကျင်စွာပင် ထိုသုံးထပ်တိုက်အိုကြီးထဲတွင်မူ ပြေးလွှားလှုပ်ရှားနေကြသူများရှိလေသည်။ ထိုလူများက ထိုအိမ်ကြီး၏ အစောင့်အရှောက် မိသားစုဝင်များ ဖြစ်လေသည်။
YOU ARE READING
My Sweetheart Cupid
Randomဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24