ငယ့်,,အခန်းပြတင်းပေါက်ဖွင့်ကာ ကြယ်လေးတွေကိုရေတွက်ရင်း ညလယ်ရောက်နေပြီအိပ်လို့မပျော်ခဲ့ပါ ။
သူကကြယ်လေးနဲတူတယ်။
ဟို့အမြင့်ဆုံး တစ်နေရာမှာ
လင်းလက် တောက်ပနေတာ
ငယ်,,ကတော့ အဲတောက်ပနေတဲ့အလင်းရောင်ကြောင့် အရေပျော်သွားတဲ ဖယောင်းခဲလေးပေါ.....ဟင်း...ဟင်း...
ငယ်,,ကိုယ့်အတွေးနဲကို ရယ်စရာမပါ ပါပဲရယ်လို့နေသည်။သူကကောင်းကင်ကြီးဆိုရင်
ဟိုအစ်မလှလှလေးက လမင်းကြီးပေါ
အဲတာဆို ငယ်,,ကရော....အင်း....ငယ်,,ကမှတ်ညာဏ်တွေမရှိတဲ့
ပစိဖိတ်သမုဒ္ဒရာကြီးဖြစ်ချင်တယ် အနဲဆုံးတော့ ကောင်းကင်ကြီးမြင်နေရတယ်လေ....."ဟယ်...ငယ်,,အစောကြီးပါလားသမီး"
ဒေါ်မြက ငယ့်,,ကိုအစောနိုးနေတာမြင်တော့ မေးနေတာဖြစ်သည် အမှန်ကငယ်,,ခုထိမအိပ်ရသေးပါ ခုမိုးလင်းပြီးဆိုတော့ မနေ့ကအိမ်ကြီးပေါ်က လျှော်ရမဲ့အဝတ်ယူလာတာတွေ လျှော်နေတာမြင်လို့မေးနေချင်းပါ
"ဟုတ်တယ် ဒေါ်မြ ငယ်,,အိပ်မပျော်လို့"
"သမီးရယ် အဲဒါဆိုလည်းခြံရှေမှာပန်းလေးဘာလေးသွားကောက်ချေပါလား အစောကြီးအဝတ်တွေလျှော်တော့ အအေးပတ်ပြီး တော်ကြာပြန်ဖျားနေမြှဖင့် ဒီခလေးနဲတော့ခက်တော့တာပါပဲ""
"ငယ်,,သွားသေးတယ် အဲမှာဟိုအစ်ကိုကြီးတွေကားရေဆေးနေလို့ ငယ်,,ကြောက်လို့ပြန်လာတာ.."
ဟုတ်ပါသည်။ ငယ်,,မနက်အစောကြီးက ယုဇနပန်းလေးဘုရားကပ်လှူရအောင်လို့ သွားကောက်တော့ ကားရေဆေးနေတဲ အစ်ကိုကြီးနှစ်ယောက်ကိုတွေ့လို့ ဘာမှမဖြစ်ပါဘူးဆိုသွားတာ အဲဒီ့ထဲကတစ်ယောက်က ငယ်,,ကိုစူးစူးစိုက်စိုက်ကြီးကြည့်နေတာမြင်တော့ ငယ်,,လည်ကြောက်ပြီး ပြန်ပြေးလာခဲ့ချင်းပါ
"အော် ဖိုးထူးနဲဇော်မင်းဦးဖြစ်ပါလိမ့်မယ် သူတို့က မမကြီးကိုတခါတလေ ကားမောင်းပေးရတဲသူတွေလေ သမီးရဲ ကျန်တဲ့ချိန်ဆို ခြံထဲကအလုပ်လည်းလုပ်တယ်"
"....."
ငယ်,,ခနနေရင် အန်တီ့,ဆီသွားမလို့တွေးနေတာကြောင့် ဒေါ်မြပြောနေတာကိုပြန်မဖြေဖြစ်ပါ။