ဒေါ်ချစ်ခွန်းချို,,
ဒီနေ့လကုန်ရက်ဖြစ်တာကြောင့် ဆိုင်ကဝန်ထမ်းခလေးတွေကို အလုပ်အစောဆင်းပေးလိုက်ပြီး။သူမလည်း သူမရဲခလေးတွေကိုအချိန်မပေးဖြစ်တာကြာပြီ ဖြစ်တာကြောင့် ခလေးတွေကိုကျောင်းလာကြိုပြီး မုန့်လိုက်ကျွေးဖို့ လိုအပ်တာလေးတွေ ဝယ်ပေးဖို့တွက် ကျောင်းကိုကြိုပြီရောက်နေတာဖြစ်သည်။
ကျောင်းဆင်တော့ ထွေးနဲအရီကိုအရင်တွေ့ရပြီး ခလေးနှစ်ယောက်က သူမကိုမြင်တာနဲအပြေးလေးအနားရောက်လာကြပြီး ငယ်,,နဲခွန်း,,လေးကထွက်မလာသေးသည်မလို့စောင့်နေရင် ငယ်လေးထွက်လာတော့ ခလေးမလေးပုံကိုကြည့်ပြီး သူမအားမရ အနားရောက်လာမှ မျက်နှာလေးနီရဲလို့ သူမလည်း ဆိုးရိမ်ပြီး နဖူးလေးစမ်းပြီးတော့
"နေမကောင်းဘူးလား သမီး"
"ကောင်းပါတယ် အန်တီ"
"သမီး..!အသံတွေလည်း ဝင်လို့ပါလား တစ်ခုခုဖြစ်လို့လား"
သူမခလေးမလေးကိုသေချာထက်ကြည့်မိတော့ ပါးနှစ်ဖက်မှာလည် လက်နဲညစ်ထားသလို အရာကြီးကိုမြင်ရတာကြောင့်။ သူမသိလိုက်ပြီ သူမရဲခလေးကျောင်းတွင်း အနိုင်ကျင့်ခံရတာဖြစ်မည်။
သူမ ကျောင်းအုပ်နဲ တစ်ရက်ရက်တော့ တွေ့မှရတော့မည်။သူမ ခလေးမလေးရဲ လက်လေးနှစ်ဖက်ကို အသာလေးဆုပ်ကိုင်လိုက်ပြီး...
"သမီး ကျောင်းမှာ တစ်ခုခုအဆင်မပြေဖြစ်တာပဲ ဖြစ်ဖြစ် သမီးကို တစ်ယောက်ယောက်က အနိုင်ကျင့်တာပဲ ဖြစ်ဖြစ် အန်တီကိုအကုန်ပြန်ပြောလို့ ရတယ်နော် ခုအန်တီတို့က သမီးရဲအုပ်ထိန်းသူပဲ အဲတာကို သမီကမှတ်ထားရမယ်နော်သမီး "ခွန်း,,ကပဲအန်တီ့ရဲ့သမီးမဟုတ်ဘူး အထွေနဲအရီရော သမီးရောကအန်တီ့ရဲ သာသမီးတွေပဲ တစ်ခုခုဖြစ်တာနဲ အန်တီ့ကိုပြောနော် အန်တီ့ရဲသားသမီးတွေကို ဘယ်သူကမှ ထိခိုက်နာကျင်အောင်လုပ်ပိုင်ခွင့်မရှိဘူး။
"ငယ်,,အန်တီ့ရဲ စကားကြောင့် မျက်ရည်ကျမိသည်။ ငယ်,,ပထမဦးဆုံး စိတ်ကိုလုံခြုံမှုရတယ်ဆိုတဲ့ခံစားချက်ကို ခံစားလိုက်သည်။ ပြီးတော့အန်တီကငယ်,,ကိုဖက်ထားပေးတယ် နွေးထွေးလိုက်တာ အန်တီ့နားက ကိုယ်သင်းနံ့လေးကမွှေးတယ် မေမေကို လည်းဒီလိုငယ်,,ဖက်ခွင့်ရခဲ့ရင်သိပ့်ကောင်းမှာ မေမေ့နားမှာလည်းအန်တီ့လိုကိုယ်သင်းနံ့မွှေးမွှေးလေးရှိနေလောက်မှာ။ မေမေ့ကိုအရမ်းလွမ်းတယ်....အန်တီ့ကိုပိုတင်းဖက်လိုက်ပြီး...