ကောင်းကင်ကြီးရယ်~~~~သမုဒ္ဒရာလေးရယ် ~~~ ခွန်း,,ရယ်~~~ပြီးတော့~~~~~
ပုဇွန်ဆီရောင်နေလုံးကြီးကတဖြေးဖြေးနဲ့ ပင်လယ်ကြီးထဲဝင်သွားတဲ့ပုံရိပ်လေးကို ချစ်ရသူရဲ့ရင်ခွင်လေးထဲကနေ ငေးကြည့်ရင်း ချစ်ရသူရဲ့ရင်ခုန်သံစည်းချက်လေးတွေကိုပါ မှတ်တမ်းတင်နေမိသည်။
"ခွန်း,,~~"
"ဗျာ~~"
"ငယ်,,လေ အသက်ရှင်ခွင့်ရတဲ့ သက်တမ်းလေးကုန်ဆုံးသွားပြီး နောင်ဘဝကိုကူပြောင်းသွားခဲ့ရင်တောင်မှ ငယ်,,ကထက်ပြီးခွန်း,,ကိုချစ်ဖို့ပဲမွေးဖွားလာမှာ......"
"ကိုယ်ကတော့ နောင်ဘဝဆိုတာထက်ရှိခဲ့မယ်ရင် ငယ့်,,ကိုမွေးဖွားပေးမဲ့ မိခင်တစ်ယောက်ဖြစ်ခွင့်ရချင်တယ် ငယ်,,ဘဝလေးကို ကိုယ်ကိုတိုင်ပျိုးထောင်ပေးချင်တယ်~~~~"
အိပ်ပျော်နေသူရဲ့ မျက်ဝန်းထောင့်နားမှာ မျက်ရည်စလေးတွေစီးကျလာကာ တဖြေးဖြေးနဲ့မျက်ခွန်လေးတွေလှုတ်ရှားလာပြီး မျက်ဝန်းလေးတွေ ပွင့်လာချိန်မှာတော့ အခုလက်ရှိရောက်နေတဲ့နေရာ ဖြစ်နေတဲ့ အဖြစ်ပျက်တွေကို တွေးတော့နိုင်ဖို့ အားအင်မရှိသလို နိုးနိုးလာခြင်း နာကျင်ထုံထိုင်းနေတဲ့နှလုံးသားလေးကြောင့် ပါးပြင်ထက်သို့မျက်ရည်များစွာ စီးကျနေသည်....
ခွန်း,,ကဘာလို့ငယ့်,,ကိုမမှတ်မိရတာလဲ ငယ်,,ကရောခွန်း,,ကိုဘာလို့မေ့နေရတာလဲ.........
(တောင်းပန်ပါတယ် ခွန်း,,ရယ်မမှတ်မိခဲ့လို့.......ပြီးတော့အရမ်းလွမ်းတယ်)
ငယ်,,ခွန်း,,အကြောင်းတွေးတော့မိရင်း ရင်တွေနာလာပြီး ကိုယ့်ကို ကိုပိုပြီး မုန်းမိသည်...ခွန်း,,ကိုမမှတ်မိခဲ့လို့ ခွန်း,,ကိုမေ့သွားခဲ့လို့ ကိုယ့်ကို ကိုအပြစ်ကြီးတစ်ခုကျူးလွန်ထားတဲ့ သူလိုမျိုးခွင့်မလွတ်နိုင်ခဲ့ပါ......
'ဘာလို့လဲ!! ဘာကြောင့်လဲ!! ဘာလို့ငယ့်,,ကိုကျမှဒီလိုတွေဖန်လာရတာလဲ!! ဟင့်!!!
ငယ်,,ခေါင်းတွေကိုအဆက်မပျက် ထုရိုက်နေမိရင်း တစ်ခုစဥ်းစားမိသွားသည် ။
(ခွန်း,,ကငယ့်,,ကိုမေ့သွားတာမျိုးမဟုတ်ပဲ မမှတ်မိတာ ဘန်နီ,,အဖြစ်နဲ့ရှိစဉ်အချိန်တုန်းက ခွန်း,,ရဲ့အခန်းထဲမှာ ငယ်,,ရဲ့ဓာတ်ပုံလေးကိုမြင်ခဲ့တယ် ဒါဆိုအန်တီကရော အန်တီကရောဘာလို့ငယ့်,,ကိုမမှတ်ရတာလဲ?! ဘာလို့ငယ့်,,ကိုဘယ်သူကမှမမှတ်ကြတာလဲ)