ဒီနေ့ Saturdayဖြစ်တာကြောင့် ခွန်း,,တို့မိသားစုရဲ့Breakfastဟာ စကားသံများနဲ အသက်ဝင်လို့နေသည်။
"မာမီ့ခွန်း,,သူငယ်ချင်းတွေ အိမ်လာလည်မလို့တဲ့ အဲ့တာလေ..."
ခွန်း,,ဆက်ပြောဖို့ မာမီ့ မျက်နှာကိုလှမ်းအကဲ့ခက်ကြည့်လိုက်တော့
မာမီက ခွန်း,,ဘာပြောချင်လည်းသိနေတဲ့ပုံမျိုးနဲပြုံးပြီးတော့ခွန်း,,ကို ဆက်ပြောလေဆိုတဲ့ အကြည့်မျိုးနဲကြည့်နေလေသည်။"အဲ့တာလေ မမလရိပ်နွယ်,နဲ မမလရိပ်,သူငယ်ချင်ပါ ပါတယ် အဲ့တာမာမီ့ကိုခွင့်တောင်းချင်လို့"
ထိုစကားကိုကြားတော့ ဒေါ်မြင့်မြတ်ချယ်,မျက်နှာပျက်သွားသည်
ဦးမြတ်ရာဇာကတောသူနဲမဆိုင်သလိုသာ သတင်းစာအဖက်မပြက်
ဒေါ်ချစ်ခွန်းချို,ကတော့ သက်ပြင်းချရင်း..."မာမီတို့က ခွန်း,,ကိုအနေကျပ်ရအောင် စိတ်ရှုပ်ရအောင်မလုပ်ပါဘူး ခွန်း,,လေးရဲ့ မာမီတို့ကသမီးလရိပ်ကို အဘောမကျဘူးဆိုတာ ခွန်း,,လေးကို မာမီးတို့ကချစ်လို့ပါကွယ် "
"ခွန်း,,သိပါတယ်မာမီ ခွန်း,,ကိုနားလည်ပေးလို့လည်း ခွန်း,,ကကျေးဇူးတင်ပါတယ်နော် ခွန်း,,ကမာမီတို့ရဲကလေးဖြစ်ခွင့်ရတာ ခွန်း,,သိပ်ကံကောင်းတာပဲ"
"စကားတက်တိုင်းပြောနေတော့တာပဲဖွားမြေးလေးက"
"ဟုတ်ပါ့ မာမီရယ် မာမီ့မြေးက တဂယ့်ကိုအတက်လေး ချိုတို့ကိုအဲအပြော တွေနဲချုပ်နေတာ"
"အဟမ့်...."
ခွန်း,,အပြောကို ဖွားနဲမာမီကသဘောတွေကျပြီး ဒယ်ဒီကလည်းခိုးပြုံး နေတာ ခွန်းတွေ့သွားလိုအရှက်ပြေ ချောင်းဟမ့်နေသည်။တဂယ်ကို ခွန်း,,ကသိပ်ကံကောင်းတယ်။
"အန်တီ.."
"အော် ငယ်,,သမီးလာလေ "
ခွန်း,,တို့ မနက်စာပြီးလို့ ဧည့်ခန်းမှာထိုင်ပြီး မာမီနဲ နှစ်ယောက်ထဲစကားပြောနေကြတုန်း ဟိုတစ်ယောက် ရောက်လာတာပဲဖြစ်သည်။ ခွန်း,,လှမ်းကြည့်လိုက်တော့
အရိပ်ပန်းဒူးဖုံးဂါဝန် အစိမ်းနုရောင်လေးနဲ သူမကဖြူဥနေသည်။သူမဆံပင်လေးများကိုခါတိုင်းလို့ ကပိုကယိုလေးစည်းနောင်းမထာပဲ ဖားယားလေးချထားတာလေးကလည်း ဘယ်လိုလေးမှန်မသိဘူး ခွန်း,,ကြည့်နေမှန်းသိတော့ခွန်းကိုပြန်ကြည့်နေသည်။ ခါတိုင်းလိုပဲကြောင်တောင်တောင်အကြည့်တွေနဲပေါ့