Part_33

500 29 3
                                    

လှပတဲ့ မှတ်ဥာဏ်လေးတွေကို ဘယ်တော့မှဖြောက်ဖျက်
လို့မရဘူးတဲ့~ဘာလို့လဲဆိုတော့ လှပတဲ့မှတ်ဥာဏ်လေးတွေက ဦးနှောက်ထဲမှာသိမ်းထာတာမဟုတ်ပဲ နှစ်လုံးသားရဲ့နက်ရှိုင်းတဲ့နေရာတစ်ခုမှာ သိမ်းထားတာမလို့ပဲ~~~

"အော်ခွန်း,,လေးပြန်လာပြီလား"

"ဟုတ်... ဒါနဲဟိုတစ်ယောက်ကော"

"ဘန်နီ,,လေးလား ဒီနေ့အပေါ်ကဆင်းမလာဘူးပဲ ခေါင်းကိုက်နေလို့တဲ့"

ခွန်း,,စိတ်ထဲအလိုမကျ ဒီကောင်မလေးကို ခွန်း,,ခေါ်လာတာ တစ်လနီးပါးလောက်ရှိပြီ.....အမြဲတန်းကြားနေရတာတော့ ခေါင်းကိုက်နေတယ်ဆိုတဲ့အသံပဲ ခွန်း,,သွားလိုက်ရင်ဘာမှမဖြစ်သလိုခွန်း,,ကိုမြင်တာနဲ တက်ကြွနေပြန်ရော....

ကျွတ်!!

ခွန်း,,ကိုတမင်သူ့နားလာအောင်ဉာဏ်ဆင်နေတာပဲ.....

"ခွန်း,,သွားမကြည့်တော့ ဘူးလား"

"ထားလိုက် ဒေါ်ကြူ ခေါင်းကိုက်တာနဲတော့ မသေနိုင်ဘူး"

ဘန်နီ,,လှေကားပေါ်ကဆင်းလာရင်း ခြေလှမ်းလေးတွေရပ်တန့်သွားသည်...."

ခွန်း,,ပြောပြီးတာနဲ့ အလုပ်ခန်းထဲတန်းဝင်ခဲလိုက်ပြီး အလုပ်ခန်းထဲရောက်တာနဲ့ လက်ထဲကအိတ်ကိုစာပဲပေါ်ပစ်တင်ပြီး စိတ်ရှုပ်လို့ လည်ပင်းကTieကိုဆွဲချွတ်လိုက်ပြီး ဆိုဖာပေါ်ကျောမှီထိုင်ချလိုက်ကာ ဦးသီဟနိင်အကြောင်းကို စဉ်းစားနေမိသည်"

ခွန်း,,ရဲ့ လက်ဆောင်ပစ္စည်းနဲအမှာစာ ဦးသီဟနိုင် လက်ခံပြီးတာနဲ့ ဦးသီဟနိုင် မြန်မာပြည်ကိုချက်ချင်းပြန်လာပြီး ဦးသီဟနိုင်က
ဟိုကောင်မာန်ထက်အဖေနဲ့ လုပ်ငန်းတွေ ပူးပေါင်းလိုက်တာကြောင့် ‌တော်ယုံနဲ့ သွားကပ်လို့မရတော့တာမလို အခုရက်ပိုင်း ခွန်း,,ရဲ့လုပ်ငန်းအင်အားတွေ ပြန်စုစီးနေရသည်" ထင်ထင်ပေါ်ပေါ် အင်အားကိုထုပ်သုံးလို့မရနေတာကြောင့် ခရီးကလိုသလောက်မရောက်နိုင် ဟိုကောင်မလေးကတော့ ဦးသီဟနိုင်ကိုဖြိုလဲရမဲ့နောက်ဆုံးတားကဒ် ဖြစ်တာကြောင့် ခနဝှက်ထားရအုန်မယ်

"'''''''''''''''"""""
"ရော့........‌ ရေနွေးကြမ်းလေးသောက်လိုက်ခေါင်းကြည်
သွားအောင် ခေါင်းကိုက်တာသက်သာရဲ့လား သမီး"

အမုန်းstoryWhere stories live. Discover now