နှင်းမြူတွေအုံ့ဆိုင်းနေတဲ့ အဖြူရောင်လမ်းမကြီး ပေါ်မှာသူမလမ်း ပျောက်နေသည်" တစ်ဖြေးဖြေးနဲသူမ ကိုယ်ပေါ်ကအနွေးဓာတ်လေးတွေပြေလျောလာခဲ့သလို ....ဒီအဖြူရောင်လမ်း လေးပေါ်စလျှောက်တုန်းက သူမရဲ့နှုတ်ဖျားကနေ ရေရွတ်နေမိတဲနမ်စားလေးတစ်ခုဟာလည်း" ယခုအချိန်မှာတော့ နှလုံးသားရဲ့တစ်နေရာကနေသာမှတ်မိနေတော့သည်" ဦးနှောက်တစ်ခုလုံးဗလာနတ္ထိခြေလှမ်း တွေကတော့ရပ်တန့်သွားပဲ သံပတ်ပေးထားသလို လျှောက်မြဲတိုင်လျှောက်နေစဲပါ.......အဖြူရောင်လမ်းလေးဟာလည်း အဆုံးမရှိသလို ပန်းတိုင်ကိုလည်း တော်တော်နဲမရောက်နိုင်ပါလေ.....
"သမီး,......"
ခေါ်သံတစ်ခုကြောင့် သူမရဲ့ခြေလမ်းတွေရပ်တန့်သွားပြီး အသံလာရာကိုနားစွင့်နေရင်း ဘေးဘီကို လိုက်ရှာကြည့်တော့ အစောနကလိုမြူငွေ့တွေပိတ်ပြီး အုံ့ဆိုင်းမနေတော့ပဲ တဖြေးဖြေးနဲလင်းရောင်ခြည်လေးလင်းလာပြီး အဖြူရောင်ပန်းခင်းကြီးကိုထင်ထင်ရှားရှားမြင်လာရသည်" ပြီးတော့ အဖြူရောင်လိပ်ပြာလေးကနေ အမျိုးသမီးတစ်ယောက်ရဲပုံသဏ္ဍာန်အဖြစ်ပြောင်းလဲသွားပြီး သူမကိုပြုံး၍ကြည့်ရင်း ထိုအမျိုးသမီးရဲလက်ထဲမှာကြာပန်းဖြူဖြူ လေးတစ်ပွင့်ကိုင်ထားကာ သူမဆီသို့ လျှောက်လာပြီး သူမရဲ့အနွေးဓာတ်မရှိတော့တဲ့ လက်လေးကိုဆုပ်ကိုင်ပြီး....
"သမီးလေး....အေးနေရောပေါ့"
သူမဒီအမျိုသမီးကို ကောင်းကောင်းရင်နှီးပါသည် သို့သော် သေချာမမှတ်မိနိုင်ပါ
"အန်တီကဘယ်သူလဲဟင်.....ပြီးတော့သမီးကဘယ်ရောက်နေတာလဲ"
"အဆိုးလေး....မေမေ့ကိုမမှတ်မိတော့ပြန်ဘူးလား....... သမီးရဲ့အသိစိတ်ကမေမေ့ကိုမမှတ်မိပေမဲ့ ဟောဒီကသမီးရင်ထဲမှာတော့ သမီးချစ်တဲ့သူတွေအားလုံကိုမှတ်မိနေတယ်ဆိုတာ မေမေသိတယ်."
ထိုအမျိုသမီးရဲမျက်နှာလေးကိုကြည့်ရင် သူမရင်ထဲကအရမ်းလွမ်းနေတဲ့သူတစ်ယောက်ကိုတွေ့လိုက်ရသလိုခံစားမိလိုက်ပြီး ပါးပြင်ပေါ်သို့သူမရဲ့မျက်ရည်စများ အတားစီးမဲ့စွာကျဆင်လာ၏....ထိုအမျိုးသမီးကသူမရဲ့မေမေလား.....