ဝါး.......
"ညကအိပ်မပျော်ဘူးလား?......ဘန်နီ,,"
"ဟို........ဟုတ်တယ်ကိုကို ညကအိပ်လို့မပျော်လို့...."
ဘန်နီ,,ကိုကို့ ကိုအမြန်လိမ်လိုက်ရသည်"ညက ခွန်း,,နဲဖုန်းပြောနေတာကြောင့်နောက်ကျမှအိပ်ပြီး ညလည်လောက်ရောက်တော့ အိမ်မက်ကြောင့် နိုးလာပြီး ပြန်အိပ်လို့မရတာကြောင့် ပန်းချီထိုင်ဆွဲနေလိုက်တာ ကြီးကြီးမေ မနက်လာနိုးတဲ့အချိန်မှ မိုးလင်းနေမှန်သိသည် "
"ဒါဆို ဒီနေ့သင်တန်းပဲအပ်ခဲ့ပြီး မနက်ဖြန်မှလာတက်လေ အိမ်ပြန်ပြီးပြန်အိပ်လိုက်ပါလားဘန်နီ,, အိပ်ရေးမဝတာကလည်း ခေါင်းကိုက်တက်တယ်......"
"ဘန်နီ,,အိမ်မှာနေရတာ နဲနဲလေးပျင်းလာပြီ....ဘန်နီအရမ်းအိမ်ချင်လာရင် ပေးအိပ်ဖို့ ကိုကိုက teacherပြေားပေးထားလေနော်..."
မာန်ထက် ဘန်နီ,,ကိုကြည့်ပြီး သဘောကျနေမိသည်။ အိမ်မှာနေရတာပျင်းနေမှာသိပေမဲ အပြင်ကိုမာန်ထက်မပါပဲလွတ်လိုက်ဖို့က လုံးဝမဖြစ်နိုင် စိတ်မလည်းချနိုင်ပါ အပြင်သွားရင်မာန်ထက်ပါနေတာတောင် ဘန်နီ့,,ဘေးကဖြတ်သွားတဲ့ လူတချို့ကသိသိသာသာကိုလိုက်ငေးနေကြတာကို ဒီကောင်ဘယ်လိုစိတ်ချနိုင်မလဲ အခုတောင်ပန်းချီသင်တန်းလေးတက်ချင်လို့ပါဆိုပြီးဘန်နီ,,ကပူဆာနေလို့သာ လိုက်ရောလိုက်ရတာ စိတ်ကမချနိုင်"
ဘန်နီ့,,ရဲ့ဝိုင်းစက်နေတဲ့မျက်ဝန်းလေးတွေက မျက်မှန်တာမတက်ထားရင်ဘယ်လောက်များတောင် တောက်ပနေလိုက်မလဲ နှုတ်ခမ်းဖူးဖူးလေးကဘာမှမလိမ်းချယ်ထားရင်တောင်နီစွေစွေလေးဖြစ်လိုနေသည်....မျက်နှာလေးဆိုလည်းဘာမှလိမ်းချယ်စရာမလိုပါပဲ ကြည်လင်ပြီး ပါးမို့မို့လေးတွေမှာဆို သွေးကျော့နုနုလေးတွေပါမြင်နေရသည်" မျက်မှန်ပဲတက်ထားလို့လား အရွယ်ပဲရောက်လာလို့လားမသိဘူး မျက်နှာအစိတ်ပိုင်းလေးတွေက သေချာကြည့်ရင် အရင်ကမာန်ထက်နောက် တစ်ကောက်ကောက်လိုက်တဲ့ ဘန်နီ,,လေးနဲမတူတော့တာသေချာသည်...ကောင်မလေး အရွယ်ရောက်လာလို့ပိုပြီးလှလာတာတော့အမှန်ပဲ....
"ဘန်နီ,,က ငယ်ငယ်ကတော့ထွားပြီးအရမ်းကိုသွက်တာ အစားလည်းအရမ်းမက်တာလေ အစားပုတ်လေး ဘာလို့အသက်ကြီးလာမှ သေးသေးညှပ်ညှပ်လေးဖြစ်သွားရတာလဲ....အစားသောက်ရွေးသွားလို့လားဘန်နှီ,,"