လွမ်းရတိုင်းသာ သေရမယ်ဆိုရင် ခွန်း,,ဆိုတဲ့ကောင်က အခါပေါင်းမရေတွက်နိုင်အောင် သေပြီးနေပြီး.....
"ခွန်း,,.........ဘန်နီ,,ကိုသနားပါနော်...ဟင့်..... ဘန်နီ,, ဘန်နီ,,ခွန်း,,နဲ့အဝေးမှာမနေချင်လို့ပါ....ခွန်း,,နားမှာပဲနေလို့မရဘူးလာဟင်......"
ဘန်နီ,,ကအရူးတစ်ယောက်လို့ ခွန်း,,ရဲ့လက်ကိုဆွဲပြီး ငိုယိုပြောလာတာကြောင့် ခွန်း,,ဘန်နီ,,ရဲ့လက်တွေကို ဖြုတ်ချပစ်လိုက်ပြီ။
"ဘန်နီ,, မင်းကိုငါဘယ်လိုပြောမှ မင်းနားလည်မှာလဲ ဟမ်း!!"
မင်းမှာအရှက်တရားမရှိဘူးလား မင်းမှာ စဉ်းစားနိုင်တဲ့အသိဉာဏ်မရှိဘူးလား မင်းကိုမမြင်ချင်လို့ မင်းကို မြင်ရတာ စိတ်ရှုပ်လွန်းလို့ ဒီလောက်မောင်းထုတ်နေတာကို
မင်းသဘောမပေါက်ဘူးလား ဘာလို့ ငါ့ကိုစိတ်ဒုတ္ခလိုက်ပေနေရတာလဲ ........."ခွန်း,,ရဲ့စကားများကြောင့် ဘန်နီ,,ရဲ့လှုပ်ရှားမှုအရာအားလုံးတခနရပ်တန့်သွားပြီး ခွန်း,,ရဲ့မျက်ဝန်းတွေကို အားကိုတကြီးငေးကြည့်တော့ ခွန်း,,ပြန်ပြီးစူးစိုက်ကြည့်လာတဲ့အေးစက်တဲ့အကြည့်တွေကြောင့် ဘန်နီ,,နောက်ကို ပြန်ဆုပ်လိုက်မိသည်။
"ခွန်း,,.........ခွန်း,,ကိုဘန်နီ,,နောက်ဆုံးအနေနဲ့ မေးမယ် အဲ့ဒီစကားကိုအမှန်ဖြေပေးပါနော်......ဘန်နီ,,ကခွန်း,,တွက်တဂယ်ပဲမြင်နေရတာ စိတ်ဒုတ္ခဖြစ်စေတာလားဟင်!!"
ခွန်း,,အံကိုကြိတ်ပြီး လက်သီးဆုပ်မိသည်...
"............"
"ဖြေပါခွန်း,,.....ဘန်နီ,,ကခွန်း,,ရဲ့အနားလေးနေချင်ယုံလေးပါ ဘန်နီ့,,ကခွန်း,,ကိုထိခိုက်ရစေမဲ့အရာမျိုးဆိုရင် ဘန်နီ့,,ကိုယ် ဘန်နီ,,တောင် လုံးဝခွင့်မပြုပါဘူး ဒါကြောင့် ခွန်း,,ဖြေပါ "
"ကောင်းပြီလေ ငါဖြေမယ် မင်းသေချာနားထောင်........ဘန်နီ,,မင်းကငါ့တွက်တော့ စိတ်ဒုတ္ခဖြစ်စရာသက်သက်ပဲ မင်းရောမင်းရဲ့ဦးလေးရော ငါ့ရှေ့ကိုထက်မပေါ်လာတော့ရင်ကောင်းမယ် မဟုတ်ဘူး!!မင်းရဲ့ဦးလေးကတော့ ငါ့ဆီမှာထိုက်တန်တဲ့ပြစ်ကြွေးကို ပြန်ပေးဆပ်ရအုန်းမှာ"
အေးစက်မာကျောတဲ့ ခွန်း,,ရဲ့စကားများကြောင့် ဘန်နီ့,,ရင်ထဲကမွန်းကျပ် လာမှု့နဲ့အတူ ပါပြင်ပေါ်သို့ မျက်ရည်များဟာ အတားဆီးမဲ့စွာ.........