Part_41

1.1K 51 10
                                    

"တွေ့လား ဘန်နီ,,"

ငယ်,,အဲလစ်ရဲ့အမေးစကားကို စိတ်ညစ်ညစ်နဲ့သာခေါင်းခါပြလိုက်သည်။

"စိတ်မညစ်ပါနဲ့အုန်းဘန်နီ,,ရဲ့ ဒီနေရာမှာကျကျန်ခဲ့တာမဟုတ်လို့နေမှာပါ "

အဲလစ်က ငယ့်,,ကိုတမင်နှစ်သိမ့်ပေးနေမှန်းငယ်,,သိပါသည်။ ဒါပေမဲ့ ငယ့်,,စိတ်ကမဖြေသိမ့်နိုင်ပေ ဒယ်ဒီ အမြတ်တနိုးကိုယ်နဲ့မခွာ သိမ်းထားတဲ့ပစ္စည်းလေးမိုလို့ ငယ်,,ပိုပြီးစိတ်မကောင်းဖြစ်ရသည်။ငယ်,,သာယူမလာခဲ့လျှင် ဒီလို‌ပျောက်မှာမဟုတ် တခြားနေရာတွေလည်း ငယ်,,လိုက်ရှာတာနှံ့နေပါပြီ ဒီနေရာပဲကျန်တော့တာ ထက်ပြီးစဉ်းစားစရာနေရာလည်းမရှိတော့ဘူး.........

"အဲလစ်တို့အခြားနေရာတွေမှာ ရှာကြည့်ဖို့အခွင့်ရေးရှိသေးတာပဲ စိတ်မကောင်းမဖြစ်ပါနဲ့ဘန်နီ,,ရယ် အဲလစ်လည်းအားရင်အားသလို ရှာကူမယ်လေနော်"

ငူငူငိုင်ငိုင်ကြီး ရပ်နေတဲ့ငယ့်,,ရဲ့ ပခုံးလေးကိုအသာပုတ်ပြီး အားပေးစကားပြောလာတာကြောင့် ငယ်,,အားတင်းပြီးပြန်ပြုံးပြလိုက်သည်။

"အိုး......ဒါကဘာလဲ တို့ကိုပြုံးပြ နေတာလား ?"

ဟုတ်သား ငယ်,,ကဦးထုပ်ကြီးဆောင်းထားကာ ပါဝါမျက်မှန်အစားအဲလစ်ရဲ့နေကာမျက်မှန်ကြီးတပ်ထားပြီး မျက်နှာကိုလူမြင်မှာဆိုးတာကြောင့်ထပ်မံMaskထပ်တပ်ထားတာမလို့ အခုငယ်,,ရယ်ပြပြငိုပြပြ အဲလစ်မမြင်နိုင်ပါလေ သို့ပေမဲ့ အဲလစ်ကငယ်,,ပြုံးပြလိုက်တာကိုတော့ ရအောင်ခက်မှန်းနိုင်ခဲ့‌သည်လေ။

"အင့် ပြုံးပြလိုက်တာ "

"ဘန်နီ,,မင်းသိပ်ချစ်ဖို့ကောင်းတာပဲ ကဲပါ အဲလစ်တို့ပြန်ကြရအောင်လေ ရောက်နေတာလည်းကြာပြီဆိုတော့ "

"ပြန်ကြတာပေါ့.........."

ငယ်,,ပါးစပ်ကသာပြန်မယ်ပြောနေပေမဲ့ နောက်ကိုလှည့်ကြည့်လှည့်ကြည့်လုပ်နေမိသည်။

ဒီနေရာကိုရောက်ပြီးမှမေမေ့နားကိုမသွားခဲ့ရတာကြောင့် ငယ့်,,စိတ်ထဲကမသက်သာ သိုသိုသိပ်သိပ်ဘန်နီ,,အဖြစ်နဲ့ထိုင်နေတာတောင်မှ တစ်ခါတစ်ခါဆိုအဲလစ်ကသူ့ရဲ့ကျောင်းတုန်းကသူငယ်ချင်နဲ့တူတယ်လို့ပြောရင်အထွေးနဲ့အရီကပါ ထောက်ခံပြီးအားကြိုးမာန်တက် ငယ့်,,ရဲ့ဟို့အရင်ကအင်းကျီလေးတွေကိုထုပ်လာပြီး ဝတ်ပြခိုင်ကြသေးသည် အဲအချိန်ဆိုငယ်,,တဂယ်ချွေးပြန်ရသည်မှာအမှန်။

အမုန်းstoryWhere stories live. Discover now