Part-36

747 40 5
                                    

(မိုး ကြိုးတင်ပြီးသတိပေးထားစရာလေး ရှိပါတယ် ဒီအခန်းလေးမှာအနဲငယ်+ဆန်ဆန်အခန်းများပါဝင်သွားမှာဖြစ်တဲ့အတွက်ကြောင့် သဘောထားချင်မတိုက်ဆိုင်ပါက ဒီအခန်းလေးကိုကျော်ဖက်စေချင်ပါတယ်ရှင့်🙏)

လူတစ်ယောက်ကို ချစ်ဖို့ဉာဏ်ရည်မှီဖို့လိုအပ် သေးတာလားခွန်း,,ရယ်...ဘန်နီ,,ကလေတဂယ်ပဲဉာဏ်ရည်မမှီရင်တောင် အနဲ့ဆုံးတော့အချစ်ကိုတော့ခံစားတက်ပါသေးတယ်.......

"သမီးဘန်နီ,, အပြင်မှာမိုးတွေရွာတော့မယ်လေ အထဲကနေကြည့်ပါလားကွယ်..."

ဝရန်တာမှာ စာအုပ်လေးကိုင်းပြီး အိမ်ရှေ့ကခြံတံခါးကြီးကို ငေးကြည့်ရင်းထိုင်နေတဲ့ ခလေးမလေးကို မိုးရွာရင်မိုးမိသွားမှာဆိုးတာကြောင့် အထဲဝင်ဖို့သတိပေးလိုက်ပြီး ခလေးမလေးအားကြည့်ကာ ဒေါ်မေ စိတ်မသက်မသာဖြစ်မိသည် ငယ်ရွယ်သူတွေက အချစ်ကိုသိပ်ရူးသွပ်ကြတာပဲ.......သူဌေးလေးလည်း ခလေးမလေးပြန်မလာခင်ကတစ်မျိုးပူလောင်ရ အခုပြန်ရောက်နေပြန်တော့လည်း တစ်မျိုးပူလောင်နေရပြန်ရော တယ်ခက်ကြပါလားကွယ်......'

"သမီး,, ကြီးမေးအလုပ်တွေမနိုင်လို့ နဲနဲကူပေးပါလား"

"ဟုတ်.......ဘန်နီ,,ဘာကူပေးရမလဲဟင်"

အစားသောက်ကိုဆန်ပြုတ်ကလွဲရင် ဘာမှကြွေးမရတဲ့ ခလေးမလေးကစိတ်‌ထောင်းကိုယ်‌ကြေဖြစ်ပြီး အားအင်များစွာကုန်ဆုံးထားသလို နွမ်းလျလျလေး တဂယ်တော့ ဒေါ်မေအလုပ်မနိုင်လို့ကူခိုင်းတာမဟုတ်ပါ ခလေးမလေးကိုတစ်ယောက်ထဲထားရင်စိတ်ပိုပြီးလေမှာဆိုးတာကြောင့်တမင်းခေါ်လိုက်တာဖြစ်သည် ဒီလိုကျတော့လည်းမငြင်းရှာပါ။

"သူဌေးလေးရဲ့ အဝတ်စားတွေ မီးကြွေထိုးပေးရမှာလေ ကြီးမေကို မီးကြွေထိုးပြီးသားလေးတွေကို ဗီဒိုထဲကိုထည့်ကူးပေးပါလား"

"ဟုတ်....ကြီးကြီးမေ"

ဘန်နီ,,ခွန်း,,ပုံလေးဆွဲထားတဲ့စာအုပ်လေးကို ကုတင်ဘေးက စားပွဲပေါ်တင်ခဲ့ပြီး ကြီးကြီးမေးကို ကူဖို့ထွက်လာခဲ့လိုက်သည် " ဒီရက်ပိုင်းတွင်း အတွေးပေါင်းများစွားနဲ့ အိမ်မက်တွေစက်ပြီးအိပ်စက်မှုမရတာကြောင့် ခေါင်းတွေကထိုးကိုက်နေသည် သို့ပေမဲ့ ရင်ထဲကနာကျင်မှုနဲ့တော့ မတုပနိုင်ပါ......

အမုန်းstoryWhere stories live. Discover now