ခလွမ်း!!!!!
ဒုန်း!!!!!
ထမင်းသွားပို့တိုင်း ကြားနေရတဲ့ အသံကြောင့် အခန်းရှေ့မှာရပ်နေတဲ့ ဦးသီဟနိုင် စိတ်ဓာတ်ကျစွားဖြင့် စီးကရက်ကိုခပ်ပြင်းပြင်းရှိုက်ဖွာလိုက်ပြီး အခိုးငွေ့တွေကိုမျက်နှာကျပ်ပေါ်သို့ ငေးကြည့်ရင်း မှုတ်ထုတ်လိုက်သည်။
ဖြူ သမီးလေးကဖြူနဲ့သိပ်တူးတာပဲကွာ ခေါင်းအရမ်းမာတယ် ကိုယ်ဘယ်လိုကိုင်တွယ်ရမလဲ မသိတော့ဘူး .......
ဒါပေမဲ့ စိတ်ချပါဖြူကိုယ့်ဆီကနေ သမီးလေးကိုဘယ်သူမှခေါ်ထုတ်မသွားနိုင်အောင်ကိုယ်ကကာကွယ်မှာ ကိုယ်ဘာပဲလုပ်ရလုပ်ရ လုပ်မှာ.......ဟ.....ဟာ.....ဟား.......
ဦးသီဟနိုင်တစ်ယောက်အရူးလို ခြောက်ကပ်ကပ်ရယ်နေမိသည်။
ကျွှီ,........
သမီးလေးအခန်းထဲကထွက်လာတဲ့ အဒေါ်ကြီးနဲ့ ကောင်မလေးတစ်ယောက်ကထုံးစံတိုင်း ဗန်ထဲမှာ ကွဲကြေနေတဲ့ ထမင်းပန်ကန်တွေကိုပြန်ထည့်လာသည် "
ကျွှီ.......
သောက်လက်စ စီးကရက်ကို အဒေါ်ကြီးကိုင်ထားတဲ့ဗန်းထဲထည့်ကာ ကိုယ်ပေါ်ကစီးကရက်နံ့တွေကို သမီးလေးမကြိုက်မှာဆိုးတာကြောင့် ကိုယ်ပေါ်ကအခိုးငွေ့တွေကို ခါထုပ်လိုက်ပြီး........
ဦးသီဟနိုင် သမီးလေး ရဲ့အခန်းထဲကိုဝင်လာခဲ့လိုက်တော့ သမီးရဲ့အခန်းတစ်ခုလုံးက အကုန်ရစရမရှိအောင်ကို စုတ်ပြက်သက်နေသည်။အရုပ်တွေစောင်တွေ ပြီးတော့မှန်ကွဲစတွေက ကြမ်းပြင်မှာပြန့်ကြဲနေသည်။ သမီးကိုရှာကြည့်လိုက်တော့ ကုတင်ရဲ ဘေးထောင့်ကကြမ်းပြင်မှာ ဒူလေးပိုက်ပြီး ခေါင်းလေးကိုဝှက်ကာထိုင်နေတွေ့တော့ အနားကို သွားလိုက်ပြီး ဒူတစ်ဖက်ထောက်ကာထိုင်ချလိုက်ပြီးတော့.....
"ဘန်နီ,,"
ဦးသီဟနိုင် ဘန်နီ,,ရဲ့ခေါင်းလေးကိုအသားလေး ပွတ်ပေးလိုက်တော့ ဘန်နီ့,,ကိုယ်လေးတစ်ချက်တုန်ပြီး ပြန်ညိမ်သွားသည်....
"ဘန်နီ,,......ဒယ်ဒီ အခုလိုလုပ်ရတယ်ဆိုတာက ဘန်နီ,,အတွက် ဒယ်ဒီကဘန်နီ့,,ကိုကယ်ထုတ်လာတာ ခွန်းမြတ်ရာက ဘန်နီ့,,ကိုကောင်းပြနေတယ်ဆိုတာ အပေါ်ယံသက်သက်ပဲသမီး,, ဒယ်ဒီ့ရဲ့နိုင်ကွက်က သမီးလေးဆိုတာသိလို့ ဒီကောင်သမီးကိုအသုံးချနေတာ သမီးလေးသိရဲ့လား ဒယ်ဒီကသမီးလေးကို ကာကွယ်ချင်လို့ဒီလို့လုပ်ခဲ့တာ..........
ဒီ့ထက်ပိုဆိုးတာကိုလည်း ဒယ်ဒီ လုပ်ဖိုဝန်မလေးဘူး!!! "