Part_37

643 37 3
                                    

'ဟင်း........အင်း......'

"အ့!!....."

ဘန်နီ,,အိပ်ရာနိုးတော့ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာရော ခေါင်းတွေကထိုးကိုက်နေတာရောကြောင့် ငြီးထွာနေမိရင်း'

"မထနဲ့!! ဒီတိုင်းလှဲနေအုန်း"

ဟင်း!! ခွန်း....

ဘန်နီ,,လှဲနေရာကနေ ထမလို့လုပ်တော့ ကုတင်ခြေရင်းကဆိုဖာမှာထိုင်နေတဲ့ခွန်း,,က ဘန်နီ,,ကိုမထပြော‌လာတာကြောင့် ဘန်နီ,,ဒီတိုင်းလေးပြန်လှဲနေလိုက်ရင်း ခွန်း,,မသိမသာခိုးပြီးလှမ်းကြည့်နေမိသည်' ညကအဖြစ်ပျက်ကို ပြန်တွေးကြည့်မိတော့ ခန္ဓာကိုယ်အပူရှိန်ကနဂိုထက်ပိုမြင့်တက်လာသလိုခံစားရပြီး ခွန်း,,နဲ့ မျက်လုံးချင်းမဆုံရဲလို့ စောင်လေးနဲ့မသိမသာကွယ်ပြီးတော့ ခိုးကြည့်ရသည် '

ရင်ခုန်းတာလား ရင်တွေတုန်နေတာလားမသဲကွဲပါ ဒါပေမဲ့‌ကောင်းတာတစ်ခုကခွန်း,,နဲ့အတူတူရှိနေရပဲဘန်နီ,,အရမ်းပျော်နေပါပြီ'ဒီလိုသာအတူတူရှိခွင့်ရမယ်ဆိုရင် မနေ့ညကလိုမျိုး ခွန်း,,တွက်ပေးဆပ်ရဲပါတယ် နဂိုထဲကဘန်နီ,,ကိုခွန်း,,ပိုင်ပြီးသားပဲမဟုတ်လား '

"ဆေးသောက်ဖို့ အခုခုစားရမယ်"

ဘန်နီ,,ကိုထူပေးပြီး ကျောနောက်ဘက်ကိုမှီလို့ရအောင်ခေါင်းအုံးလေးထားပေးရင်း အခုခုစားဖို့ပြောလာတာကြောင့် ဘန်နီ,,ခွန်းမျက်နှာကိုမကြည့်ပါပဲနဲ့ ခေါင်းညိမ့်ပြလိုက်တော့ ခွန်း,,ကအခန်းပြင်ပြန်ထွက်သွားပြီး စားပွဲအသေးလေးတစ်ခုကိုင်ပြီး ပြန်ဝင်လာသည်'

"လောလောဆယ် အဖျားနဲနဲရှိနေတော့ မင်းဆန်ပြုတ်ပဲ စားလို့ရအုန်းမယ်"

"ရော့ ပူတယ် ဖြေးဖြေး မှုတ်ပြီးမှစား "

ခွန်း,,သူ့လက်ထဲ ဇွန်းထည့်ပေးပြီး စားခိုင်းတော့လည်း အသာတကြည် ပဲဆန်ပြုတ်ပန်ကန်ကို ယူပြီးစားနေသည်' ခွန်း,,ရဲ့ပိုးသား ညဝတ်လေးကသူနဲ့အနဲငယ်ကြီးနေတာမလို့ လစ်ဟာနေတဲ့လည်တိုင်ဖြူဥဥလေးမှာ ခွန်း,,ကြောင့်နီညိုရောင်ကွက်လေးတွေကအထင်းသာ ခွန်း,,အမြန်အကြည့်လွဲလိုက်ပြီး'

"မာန်ထက်ကို ဖုန်းဆက်ထားတယ် "

ဆန်ပြုတ်ဇွန်းကိုင်ထားတဲ့လက်လေးကရပ်တန့်သွားတာကို ကြည့်ပြီးခွန်း,,စိတ်ထဲမကောင်းပေမဲ့ ခံစားချက်ကိုမျက်နှာမှာဖော်မပြဖြစ်ပါ

အမုန်းstoryWhere stories live. Discover now