"ကိုကြီးနက္ခတ်"
" ဗျာ.."
" ကျွန်တော့ကိုမာလကာသီးခူးပေးအုံး။ "
" ဟ. မင်းအသီးတွေက အကင်းတွေပဲရှိသေးတယ်ကွ။ မင်းဒီအသီးတွေမမှည့်ပဲစားရင် ချောင်းဆိုးလိမ့်မယ်။ ချောင်းဆိုးရင်မင်းအမေကရ်ိုက်လိမ့်မယ်။ အေး...အဲ့ကျငါလဲကူညီပေးလို့မရဘူးနော်။ "
ထိုအချိန်က ကိုကြီးနက္ခတ်အသက်က တစ်ဆယ့်ငါးနှစ်။ ကျွန်တော်က ရှစ်နှစ်မပြည့်သေးဘူးလေ။ ကိုကြီးနက္ခတ်ကချောသည်။ရုပ်တည်တယ်။ တစိမ်းလူတွေနဲ့ဆိုသိပ်စကားမပြောပေမယ့် ကျွန်တော်နဲ့တော့အတော်လေး စကားပြောတယ်။ သိပ့်ချစ်ကြတဲ့ညီကိုဝမ်းကွဲတွေပေါ့။ ညီအကိုဝမ်းကွဲဆိုပေမယ့် ကိုကြီးနက္ခတ်နဲ့ကျွန်တော်က ညီအကိုအရင်းပမာ။
" ကိုကြီးနက္ခတ်ကလဲ ကိုကြီးမပြောရင် အမေတို့လဲမသိဘူး။ နောက်ပြီးအကင်းမဟုတ်ဘူးကိုကြီးရ။ အမှည့်။ ကျွန်တော်မနက်ကတွေ့ထားတယ်။ ဘယ်သူမှမသိဘူး။ "
တိမ်ညိုမင်းဆိုတာ အဲ့ဒီလိုကောင်အမျိုးအစားလေးပါ။ တိမ်ညိုမင်းက သူလိုချင်တာမရရင် ဇွတ်အတင်းလိုချင်တာမျိုး၊ လုပ်ချင်တာကိုလဲလုပ်တက်တဲ့သူလေ။ အင်း...တိမ်ညိုမင်းဆိုတာက ဦးလေးအရင်းကမွေးတဲ့သားဆိုပေမယ့် နက္ခတ်နဲ့ကျညီအကိုရင်းပမာ။ ဦးလေးလင်မယားနဲ့ကတော့ ခပ်တန်းတန်းအနေအထားမှာရှိသည်။
တိမ်ညိုမင်းနဲ့ရပ်ကွက်ထဲက ကလေးအချို့ကို နက္ခတ်စာပြပေးရတယ်။ ညကျူရှင်လိုမျိုးပေါ့။ နက္ခတ်ကစာတော်တဲ့သူထဲမှာပါတယ်ပြောရမယ်။ ငယ်ငယ်ထဲက ကိုယ်ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေတဲ့သူမျိုးပေါ့။ နက္ခတ်ကအင်ဂျင်နီယာဖြစ်ချင်တာ။ ဘာလို့ဖြစ်ချင်တာလဲဆိုရင် မေမေ့ကိုအိမ်ကောင်းကောင်းဆောက်ပေးချင်တာ။ ဒီရပ်ဒီရွာမှာမရှိတဲ့အိမ်ကောင်းမျိုးကိုပေါ့။ နက္ခတ်ရည်ရွယ်ချက်ကရှင်းသည်။ ကိုယ်လက်နဲ့ဆောက်လုပ်ပေးချင်တာကြောင့် အခုလိုမျိုးစာကိုကြိုးစားနေတာလေ။ တစ်ဖက်ကလဲ ဝင်ငွေရှာတာမို့ ကလေးတွေကိုစာသင်ပြပေးနေတာ။ အခုထဲကကြိုးစားပြီးငွေရှာတာက တက္ကသိုလ်တက်ရင် မေမေ့ဆီကအနည်းငယ်မျှသာထောက်ပံ့ပေးနိုင်အောင်ပေါ့။
![](https://img.wattpad.com/cover/371393584-288-k528875.jpg)