အခန်း (၁၀၅)
ရေချိုးပြီးသည့်နောက်တွင် ကုနျန်သည် အခြေခံ တွေးတောနိုင်ခြင်း စွမ်းရည်ကို ပြန်လည် ရရှိခဲ့သည်။
အစည်းအဝေးခန်းကို သွားသော လမ်းပေါ်တွင် ချင်းယွမ်ယွမ် သူမကို ပြသော အကြောင်းအရာ အချက်အလက်များကို ပေါ့ပေါ့ပါးပါး ယူလာသည်။ ၎င်းကို နှစ်စက္ကန့် သုံးစက္ကန့်လောက် ဖတ်ပြီးနောက်တွင် ကုနျန်သည် ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒီမက်ဆေ့က ငါတို့က အဖွဲ့သားတွေနဲ့ အတွင်းပိုင်း တွေ့ဆုံမှု တစ်ခု လုပ်ရလိမ့်မယ်လို့ ဆိုလိုတာလား"
ချင်းယွမ်ယွမ်သည် ၎င်းကို ထပ်ဖတ်ဖို့ရာ ကုန်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"အဲလို ဖြစ်ပုံပဲ။ ဒါရိုက်တာက တစ်ခုခု အကြောင်းကို ပြောဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တာလဲ ဖြစ်နိုင်တယ်မလား"
"ဒီကိစ္စအတိုင်းသာ ဆိုရင်"
ကုနျန်သည် ပင်ပန်းနွမ်းနယ်စွာ ကြည့်လိုက်ပြီး ချင်းယွမ်ယွမ်၏ ဖုန်းကို ပြန်ကြည့်လိုက်သည်။
ချင်းယွမ်ယွမ်သည် အနည်းငယ် ကြောင်သွားကာ ယူလိုက်သည်။
"တခြားကော ဘာဖြစ်နိုင်မှာလဲ"
ကုနျန်၏ မျက်နှာမှာ တောင့်တင်းနေပြီး သူမ၏ အသံမှာ ပျင်းရိနေသည်။
"ကျိုးယီရွှမ်း"
"အမ်"
"မနေ့က မဟုတ်ဘူး မနေ့ကရဲ့ အရင်နေ့ကလား။ သူမကို စော်ကားဖို့ ငါ ဘာလုပ်မိလဲ မသိပေမဲ့ သူမကို ကြည့်ရတာ ငါ့ကို ခုန်အုပ်ပြီး သူမ မသွားမချင်း ငါ့ကို ကိုက်တော့မဲ့ ပုံစံပဲ။ သူမ ငါ့ကို ဘယ်အချိန် အပြစ်ရှာမလဲ ငါ အံ့ဩနေတုန်းပဲ"
ကုနျန်သည် မထိန်းထားနိုင်တော့ပေ။ သူမသည် သမ်းဝေလာပြီး သူမ၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ဝိုးတိုးဝါးတား ဖြစ်လာသည်။ ထို့နောက် သူမသည် နုံးခွေကာ ငုံ့ကြည့်လိုက်သည်။
"အို သူမက သိပ်စိတ်မရှည်ဘူးပဲ"
ချင်းယွမ်ယွမ် : "ဒါဆို ဒီအစည်းအဝေးက ဟုန်မန်ထမင်းပွဲနဲ့ ဆင်တူမနေဘူးလား"
