Chapter 41

308 55 10
                                    

Rapper တယောက်ကို 'ဘယ် rap career ရှိမှ ပြည့်စုံတဲ့ဘ၀ကို ရတယ်ခေါ်နိုင်မလဲ?' လို့မေးတဲ့အခါမှာ သေချာပေါက်ကို အဖြေတွေမျိုးစုံထွက်လိမ့်မယ်၊ တချို့တွေကတော့ underground ပိုင်းမှာပဲ ကျင်လည်ပြီး battle တွေ ပြိုင်တာလို့ ဖြေတယ်၊ တချို့တွေကြတော့လည်း မအောင်မြင်သေးခင် ဘားတို့၊ ကလပ်တို့မှာ DJအဖြစ်လုပ်ရဦးမယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ မဖြစ်မနေ တခုပဲရွေးကြည့်လို့ တိုက်တွန်းရင်တော့ အားလုံးနီးပါးက "beef မရှိတဲ့ rapperတယောက်က ပြီးပြည့်စုံတဲ့ career မရှိတဲ့ rapper တယောက်လို့ မဆိုနိုင်ဘူး၊ စစ်မှန်မှု မရှိဘူး(ဒီလောကသား မဟုတ်သေးဘူး)" လို့ တညီတညာတည်း ဖြေကြလိမ့်မယ်...

ဒီမှာဆိုလိုတဲ့ 'beef' ဆိုတာက စားလို့ရတဲ့ အမဲသားကို ပြောတာ မဟုတ်ဘူး၊ သူ့အဓိပ္ပါယ်က - rapper နှစ်ယောက် ကတောက်ကဆဖြစ်တဲ့အခါ သူများတွေလို ထိုးပွဲကြိတ်ပွဲတွေ လုပ်မနေဘဲ သေချာပေါက်ကို မိုက်ခရိုဖုန်း ကောက်ဆွဲပြီး တယောက်နဲ့ တယောက် အပြိုင် diss(ဖြုတ်)ကြဖို့ပဲ..

Rapလောကမှာ beef တွေဖြစ်ရတဲ့ အကြောင်းရင်းက အမျိုးမျိုးရှိတယ်၊ ဘာမှ အရေးမကြီးတဲ့ အကြောင်းပြချက်လေး "ငါ မင်းကို ဒီတိုင်းကြည့်မရလို့ dissတာ" ကနေ "မင်းရဲ့ သီချင်းတွေ၊ မင်းရဲ့ အကျင့်စရိုက်တွေနဲ့ မင်းရဲ့တန်ဖိုး၊ ဒါတွေကို ငါကတော့ လုံး၀အသိမှတ်မပြုနိုင်ဘူး" ဆိုတဲ့ ကိစ္စကြီးတွေအထိပါ beefဖြစ်နိုင်တယ်.. တဖက်ကနေ ကျန်တဖက်ကို dissဖို့ သီချင်းလမ်းကြောင်း အစပျိုးလိုက်တာနဲ့ dissခံရတဲ့ တဖက်က ကျိန်းသေပြန် တုံ့ပြန်ရတယ်၊ အရင်ခေတ်ကတည်းက တရားမျှတမှုဆိုတာ လူသားတိုင်းရဲ့ နှလုံးသားမှာ ရှိပါတယ်၊ အဆိုတော်တွေက ကိုယ့်သီချင်းကို အွန်လိုင်းပေါ်တင်ပြီး ဒီအနုပညာအသိုင်းအ၀ိုင်း၊ သူ့နယ်ပယ်က ပရိသတ်တွေကို နားထောင်စေတယ်၊ ဒီတော့ သဘာ၀ကျကျဘဲ မှန်ကန်တဲ့ feedbackတွေကို ရရှိလာတယ်..

Rapလောကမှာ အရေးကြီးဆုံးအရာက ဘာလဲ? ညီအကိုတွေတဖြစ်လဲ သူငယ်ချင်းရောင်းရင်းတွေပဲ၊ ကိုယ့်ရဲ့ ညီအကိုက တဖက်သားရဲ့ diss ဖြုတ်တာကို ခံနေရတဲ့အချိန်မှာ ကိုယ်က ဒီတိုင်း ရပ်ကြည့်နေရမှာလား? - ကိုယ်က တဖက်ကို ပြန်ပြီး မဖြိုနိုင်ရင်တောင် တုံ့ဆိုင်းမှုမရှိဘဲ ကိုယ့်ညီအကိုဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးနေရမယ်၊ ဒီလိုနဲ့ rapper နှစ်ယောက်ကြားက beefက ပိုပြင်းထန်လာပြီဆိုရင် သူတို့အပြိုင် dissကြတဲ့ ခေါင်းစဉ်တွေက အမျိုးမျိုးပြောင်းလဲနေပြီး ဘေးကသူငယ်ချင်းတွေအထိပါ ပတ်သက်လာလိမ့်မယ်၊ beefရဲ့ အဓိကဆိုလိုရင်းက တယောက်နဲ့တယောက် ထိထိပါးပါးပြောဆိုကြတာ ဖြစ်ပေမဲ့ တချို့ dissလုပ်တဲ့ သီချင်းတွေကနေ ခေတ်ရေစီးကြောင်းအလိုက် စတိုင်အသစ်တွေပါ ပေါ်ထွက်လာပြီး တချို့ဆို ရှေးကျပြီး ဂန္တ၀င်တွင်သွားတဲ့အထိကို ပေါက်သွားကြတယ်...

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now