"ဟျောင့်! အကုန်သေကုန်လိမ့်မယ်ဟ!! လူစုကြလေ! Tank ဘယ်ရောက်နေလဲ!!! ဟဲ့ နင့်အမေရှုံးပြီမြင်လား!!! တစ်ပွဲကိုဘယ်လောက်တောင်ရုံးရတယ်မှတ်လဲ ဟမ်!"
ဧည့်ခန်းထဲတွင် အသံအကျယ်ကြီးနှင့် mobile legend ကိုအော်ဆော့နေသည်။ စောစောစီးစီး နားပူနားစာရှိသည့်အပြင် ကူမလုပ်သဖြင့် ကြည့်မရချေပြီ။
"အေးကွာ အသုံးကိုမကျဘူး"
ဖုန်းထဲမှ တစ်ဖက်ကအသံကိုလည်း ကြားရသလောက် သူတို့အဖွဲ့လိုက်ဆော့ပြန်ပြီ။ သူတို့တွေကလေ တစ်ဖွဲ့တည်း တထေရာတည်း တလေသံတည်း။
"သျှား သင်တန်းပိတ်ရက်မလို့ အားကိုးရမလားမှတ်ပါတယ် ဂိမ်းပဲထိုင်ဆော့နေတော့တာပဲ ငါ့ကိုကူပေးမယ် မတွေးတော့ဘူးလား။
မာမီက ရုံပတေသီးကိုညှပ်ရင်း ပြောလာသဖြင့်.... ဖုန်းကိုပိတ်လိုက်ကာ မာမီ့ကို ဆူပုတ်ပုတ်နဲ့ လှည့်ကြည့်လိုက်မ်ိသည်။
"မာမီကလည်း သျှား ကငယ်သေးတာကို ဒီအရွယ်ကအိမ်မှာအေးဆေးနေရမယ့်အရွယ်ပါမာမီရယ် မာမီတစ်ခုခုဆိုခိုင်းနေတာပဲလေ သျှား မဝယ်ပေးပဲနေလို့လားမာမီရဲ့"
အမယ်လေး။ ဒီ16နှစ်အရွယ်က ငယ်သေးတယ်တဲ့။ သျှား တစ်ယောက်နဲ့တော့ လက်လန်ပါ့။ စကားကို ပေါ့ပျက်ပျက်ပြောတာလောက် ဒေါ်မေတ္တာယဥ် မုန်းတာမရှိ။ သို့သော် သူပေါ့ပျက်ပျက်တစ်ခါမှမလုပ်ဖူးပေ။ ခါတိုင်းလိုသာဆို ဖိနပ်နဲ့ကောက်ပေါက်ပြစ်သည်။
"ဒီအရွယ်ကအိမ်မှာအေးဆေးနေရမယ့် အရွယ်ဆိုရင်လေ ငါအဖွားကြီးဖြစ်တောင် အားကိုးရမယ်မထင်ဘူး သွားသွား အခုသွား ငံပြာရည်ကုန်နေတယ် သွားဝယ်ချည် ကူလည်းလုပ်မနေနဲ့ ဘာမှလုပ်တတ်တာလည်းမဟုတ်ဘူး"
တကယ်လည်းဟုတ်သည်။ အိမ်မှာတစ်ဦးတည်းသော သမီးလေးတစ်ယောက်ရှိသည်။ ဘာမှအားမကိုးရ။ တစ်နေ့တစ်နေ့ဂိမ်းဆော့လိုက် အပြင်ထွက်လိုက်နဲ့ မျက်စိနှောက်လှပြီ။ ကြာရင် မျက်စိဇတောင်မွှေးစူးတော့မည်။ အကြောင်းမရှိအကြောင်းရှာ လွှတ်ခြင်းတော့မဟုတ်။
မာမီ့အကြောင်းက်ိုသိနေတဲ့ သျှား ကတော့ မျက်ခုံးများတွန့်ချိုးလိုက်ပြီး နှုတ်ခမ်းကိုတတောင်လောက် ထော်ကာ ပြောလေသည်။
YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]
Short Story~ အချစ်ကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~