အပိုင်း ၄၃

444 30 7
                                    

မသျှားနေသော်မောင် နှင့် မတေးသံစဉ်နှောင်း
တို့၏
ထိမ်းမြားမင်္ဂလာ ဧည့်ခံပွဲ

တစ်ကွင်းလုံး၊ တစ်ပြင်လုံးဟာ အဖြူရောင်များဖြင့်သာ
ကာရံထားသည်။ ခမ်းမကြီးထဲမှဧည့်ပရိတ်သတ် အတော်များများလည်း white colourကိုသာ တွေ့မြင်ကြရသည်။
ထိုသို့ပင် သတို့သမီးနှစ်ယောက်ဟာလည်း တစ်ခန်းစီမှာ အဖြူရောင်ဝတ်ဆုံလေးများဖြင့် ကြည့်ကောင်းနေကြသည်။

သျှားနေသော်မောင် အတွက်ကဝတ်ဆုံရော မိတ်ကပ်ပါ
ထွေထွေထူးထူးလုပ်စရာမရှိ။ အကိုက်ညီတဲ့ဝတ်ဆုံကြောင့် မမရွေးပေးတာတော်တယ်လို့တောင် နှလုံးသားထဲကနေချီူးကျူးမိသည်။ အနည်းငယ်ပူသယောင်ရှိသော်ငြား အဲယားကွန်းနဲ့ပန်ကာတွေအပြည့်ဖြစ်လို့ နေသာထိုင်သာရှိသေး၏။ မိတ်ကပ်ပြီးတော့ ဆံပင်တွေတစ်ချို့ကို သေသေသပ်သပ်လုပ်ပေးနေတုန်း သျှား စိတ်လှုပ်ရှားလာသည်။ သူ့သတို့သမီးလေး ဘယ်လောက်လှနေမလဲဆိုတာ ရင်ခုန်နေသည်။ ဘယ်နှခန်းမှမကွာသည့် မိတ်ကပ်ပြင်ခန်းကြောင့်လည်း သွားချင်စိတ်တွေဟာထိန်းမရခဲ့။ အခုချိန်မှာထွက်သွားကြည့်လို့လည်းမရ။ တကယ်ကိုပင် မြန်မြန်ပီးစေချင်လှပြီ။ သျှားနေသော်မောင် ဘယ်လောက်တောင် သမာဓိအားကောင်းလည်းဆိုတာ အတွေးနဲ့တင်သိသာလှသည်။

ဆံပင်ကိုသပ်သပ်ရပ်ရပ်လုပ်ပေးပြီးသော် အပေါ်ထပ်ကုတ်အဖြူလေးကိုထပ်မံဝတ်ဆင်လိုက်သည်။ မှန်ရှေ့မှာ တစ်ကိုယ်လုံးပတ်ကြည့်နေရင်း သူ့ကိုယ်သူသဘောခွေ့မိ၏။ အသားဖွေးတော့အဖြူနှင့်အရောင်ဟပ်နေသည်။ တစ်ကိုယ်လုံးအဖြူရောင်ဝတ်စုံဝတ်ထားပြီး မျက်ဝန်းတစ်နေရာထဲ မိုးပြာရောင်သမ်းနေသည်မှာ နတ်သားလေးလို့တောင် ထင်ရလောက်ပေသည်။ မည်သို့ပင် တင့်တည်ပါစေ နှိုင်းဆလို့မရ၊ တိုင်းဆလို့မရ။

ခမ်းမဝင်ခွင့်အပေါက်ဝတွင် မမအကြိုက်နှင်းဆီပန်းလေးတွေနဲ့ အလှဆင်ထားသည်။ နှင်းရဲ့အကူညီနဲ့ အပြင်အဆင်ကိုပန်းနဲ့ပဲတော်တော်များများလုပ်လိုက်ရသည်။ ကျူးလစ်အဖြူလေးတွေကိုလည်း ဝင်လာသည့်ဧည့်သည်တော်များအား တစ်ပွင့်စီကမ်းလေသည်။ လက်ဖွဲ့နေရာမှာ နေရာတကာပါတတ်သည့်အတွဲကို ဦးစီးခိုင်းထားရသည်။ သူငယ်ချင်းများတာတစ်ခုကောင်းသည်။ အရေးကြီးကိစ္စတွေဆိုခိုင်းလို့ရသည်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now