အပိုင်း ၄၄

408 24 2
                                    

သျှားနဲ့နှောင်း မင်္ဂလာဆောင်ခဲ့တဲ့နေ့က သျှားအတွက်တော့ အပျော်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့လေသည်။ သျှားဘဝမှာ နောက်ထပ်ပျော်စရာကောင်းတဲ့နေ့က ထက်မံရောက်ရှိလာအုံးမည်ဖြစ်သည်။
မင်္ဂလာဆောင်အပြီး ၂နှစ်အကြာမှာပေါ့။

အိမ်ထောင်ပြုပြီးကြပြီး ၁နှစ်အကြာတုန်းက နှောင်းမေးခဲ့ဖူးသည့်စကားတစ်ခွန်းရှိသည်။

"မောင်"

"ပြောလေ အချစ်ရဲ့"

"မောင့်ကိုယ်ပွားလေးတွေရရင် မောင်ဘာနာမည်ပေးဖို့စိတ်ကူးရှိလဲ"

နွားနို့နဲ့စိမ်စားနေတဲ့ ဘီစကွတ်မုန့်တွေကို ခနဘေးဖယ်လိုက်ပြီး လက်ကိုခါလိုက်သည်။

"နှောင်းကမွေးပေးမှာလား"

"ယောက္ခမကြီးကတောင် တောင်းဆိုနေတာကို
မောင်ကမလိုချင်လို့လား"

"မဟုတ်ပါဘူး မောင်တို့ကလေးလေးပဲ မောင်လိုချင်တာပေါ့"

"ဒါဖြင့် မောင်ဘာနာမည်စဥ်းစားထားလဲ"

မောင် နှောင်းဘေးနားလာထိုင်သည်။

"မောင်တို့ရဲ့ ကိုယ်ပွားလေးတွေမလို့
မောင်က မောင်တို့နာမည်ပါအောင်ပေးချင်တာ"

"အင်း"

"သားလေးမွေးရင် ခွန်းခတေးမောင်။
သမီးလေးမွေးရင် တေးမူရာသော်။"

လှလိုက်တဲ့နာမည်လေးတွေ။ နှောင်း သိသည်။ မောင် ကြိုစဥ်းစားထားမည်ဆိုတာ။

"မောင်ကနာမည်ပေးတတ်သားပဲ"

"မောင်ပြောဖူးပါတယ်"

မောင်ပေးခဲ့သည့် နာမည်လေးတွေကို ကျွန်မပေးဖို့ဆုံးဖြတ်လိုက်သည်။
နာမည်ပေးဖို့အတွက်လည်း ဘေဘီလေးတွေလိုအပ်တယ်မလား။

နောက်တစ်နှစ်အကြာ။
အခုလက်ရှိအခြေနေမှာ မောင့်ကိုယ်ပွားလေးတွေ ရရှိလာခဲ့တယ်။
မောင်ကတော့ ကလေးလေးတစ်ယောက်ပီပီ ဘာမှမသိခဲ့ဘူးလေ။
ရှက်ရှက်နဲ့ထပ်ပြောရရင် ကျွန်မလည်းမသိခဲ့ပါဘူး။

"ဘာလို့အဲ့လောက်အန်နေရတာလဲ။ အစားမှားလို့လား။"

"မသိဘူး မောင်ရယ်၊ နေရထိုင်ရတစ်မျိုးပဲ"

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now