အပိုင်း ၄၁

503 27 0
                                    

"ဒီလကုန်ရင် မောင်တို့ လက်ထပ်ရအောင်"

နှောင်းရဲ့ ရွှန်းလဲ့နေတဲ့မျက်ဝန်းတွေ အံဩရိပ်မပြပဲ မကြည့်တသာပြုံးသည်။

"မလောပါနဲ့ မောင်ရယ်"

"မလောလို့မရဘူး။ မောင်လေ မမကိုမြင်တိုင်း ဒီနားလေးကအရမ်းခုန်နေတာ ပေါက်ထွက်မှာတောင် စိုးရိမ်ရတယ်။ မောင့်ချစ်သူပါလို့ပြောနေလည်း မောင်မပိုင်ဆိုင်ရသေးသရွေ့ မောင်နောက်စံမတင်းဘူး။ မောင်သာအရင်တစ်ခါကလို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲဟင်"

နှောင်းက ဟက်ခနဲရယ်ချသည်။ မောင့်ကိုရွဲ့လိုက်တာလား။

"ကျွန်မတော့ရူးရချည်ရဲ့ မောင်ရယ်"

ပြောစရာစကား တကယ်ကိုမရှိတော့ပေ။ ဘယ်လိုနည်း၊ ဘယ်လိုဟန်နဲ့များ ထပ်ချုပ်အုံးမလဲ။ နားလည်ရခက်တာ ကိုယ်ကိုတိုင်ဆိုပေမယ့် ဒီကလေးနဲ့တော့ နှောင်းအမြဲလက်မြှောက်ရသည်။ မင်္ဂလာပွဲအတွက်နဲ့ဆိုရင် မောင်ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ။ မကြည့်ရက်ပါဘူး ကျွန်မကလေးလေး ပင်ပန်းရမှာကို။ နှောင်းလည်း အမြန်ဆုံးဖြစ်ချင်ပေမယ့် မောင်ကျောင်းပီးမှသာ ယူတော့မည်ဟုစဥ်းစားထားသည်။ မောင် အလုပ်တွေအရမ်းရှုပ်နေလို့ အရင်တစ်ခါလို ပြန်ဖြစ်သွားမှာကို မလိုလားဘူးလေ။

"မောင့်ကိုမယူချင်ဘူးလား"

လုပ်ပြန်ပြီ ဒီမျက်နှာလေး။

"ဟင့်အင်"

နှောင်းကခေါင်းခါသည်။ မောင့်စကားတွေကို အလေးမထားမှန်းသိလိုက်ပြီ။ မောင်ကကလေးဆန်နေလို့ ပြောသမျှတိုင်းကို အဲ့လိုထင်နေတာလား။ မောင့်စကားတွေက အဓိပ်ပါယျမရှိတော့လို့လား။ မောင့်ကိုတကယ်ပဲ မလိုချင်တာလား။ သျှား ကျောပေးလိုက်ပြီး ကျလာတဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။

ထိလိုက်တာနဲ့ ကျောတစ်ပြင်လုံး နွေးထွေးသွားသည်။ နွေးထွေးမှုကိုယူဆောင်လာပေးတဲ့ အကြည်ဓာတ်လေး။ နှောင်းရဲ့အထိအတွေ့နဲ့တင် ပင်ပန်းမှုတွေဟာပြေပျောက်သွားသလို စိတ်ထင့်နေမှုတွေပါမရှိတော့။ ဒီမိန်းကလေး သိုက်ကလာတာများလား။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now