အပိုင်း ၄၅

553 32 4
                                    

"ရော့ အနောင်လေးအတွက် မွေးနေ့လက်ဆောင်"

"အခုဖွင့်ကြည့်လို့ရလားဟင်"

"မရဘူးလေ။ ပွဲပြီးမှဖွင့်ကြည့်"

"နောင်က အခုသိချင်တာ"

"ခနလေးအောင့်ထားလိုက်နော် အနောင်လေး"

"ဟုတ် မမတေး။ နောင် မမတေးပြောသလို လုပ်လိုက်ပါ့မယ်"

လိမ္မာလွန်းသည့် နောင်နေလင်းစေလေးရဲ့ ခေါင်းလေးကိုအသာလေးပွတ်ပေးမိ၏။

"ဟိုကိုကို မပါဘူးလားဟင်"

ကလေးပီပီ သူခေါ်ချင်ရာခေါ်တော့ နှောင်းလည်းဖြေရှင်းချက်မပေးတော့။

"အင်း ကိုကိုသျှားနေသော်မောင်က အလုပ်သွားလို့"

"ဒါဆို မမတေးတစ်ယောက်ထဲဖြစ်နေမှာပေါ့နော်
နောင် အဖော်ပြုပေးရမလား"

"အမလေး မွေးနေ့ရှင်ကကျွန်မအနားပဲကပ်နေလို့မရဘူးလေရှင်"

"နောင် မေမေ့ကိုပြောကြည့်ရင်ရပါတယ်"

"ရပါတယ်ဆို မမရဲ့အသိတွေရှိတယ်"

"ဟုတ် နောင် ဟိုဘက်မှာရှိနေမယ်နော်"

အရုပ်သေးသေးလေးပိုက်ထားသည့် နောင်နေလင်းစေဆိုသည့်ကလေးဟာ ဂုတ်ဝဲဆံပင်လေးကိုမှ ကြပ်တောင်စည်းလေးကြောင့် ပိုချစ်စရာကောင်းနေသေးသည်။ ကြပ်တောင်စည်းလေးမြင်တော့ မောင့်ကိုသတိရမိတာအမှန်ပင်။ ကလေးအရမ်းဆန်တဲ့မောင်မှာ တစ်ချို့အကျင့်တွေမရှိတော့မှန်း သတိထားမိလာခဲ့သည်။

"အစ်မတေး"

ကောင်လေးတစ်ယောက်။ ရင်နှီးသလိုရှိသည့် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ပဲ။ သေချာကြည့်မှ...

"ဪ စိုင်းသစ်တန် ဘာကိစ္စရှိလို့လဲရှင့်"

"ကျွန်တော့်မန်နေဂျာရဲ့ ဇနီးကိုတွေ့တော့ မခေါ်ပဲမကောင်းလို့ဗျ"

"အခုကရော ဘာကိစ္စနဲ့လာတာလဲ"

"မခြူးမြတ်လင်းမောင်နဲ့ အလုပ်ကိစ္စဆွေးနွေးစရာရှိသေးလို့၊
အလုပ်လုပ်ဖော်ကြီးရဲ့ ကလေးမွေးနေ့ဆိုတော့လည်း မလာရင်မျက်နှာပူစရာဖြစ်မှာဆိုးလို့"

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now