Chapter 196

623 51 0
                                    

Kiss Husband - 196

အပိုင်း (၁၉၆)

"ကျားယန်ကော၊ အဲ့လိုမပြောပါနဲ့၊ က်ျွမ အခု ဂရုအစိုက်ဆုံးက ကျွန်မအလုပ်ပါပဲ၊ နောင်မှာလည်း ကျွန်မမှာ ကလေးတွေရှိလာဦးမှာပါ၊ ဒါပေမယ့် ဒီကလေးလေးက ကျွန်မကို ထားသွားတော့မယ်ဆိုတာ တွေးမိတိုင်း ကိုယ့်ကိုကိုယ့် သိပ်ရက်စက်သလို ခံစားရတယ်၊ ဘာပဲဖြစ်ဖြစ် ဒါလေးကလည်း အသက်တစ်ချောင်းပဲလေ၊ ဒါပေမယ့် ကျွန်မ ရက်ရက်စက်စက်ပဲ သူ့ကို စွန့်ပစ်ရတော့မယ်၊ ကျားယန်ကော နောက်ထပ် ၂ ရက်လောက် ထပ်စောင့်ပေးနိုင်မလားဟင်၊ ၂ ‌ရက်ကျော်ရင် ကျွန်မ သေချာပေါက် ဖျက်ချပါ့မယ်။"

ချီကျားယန်က သူမ၏ ကလေးဖျက်ချမည်ဟူသောကတိကိုကြားလျှင် အချိန်တစ်ခုသာလိုမည်ဟုသာ ထင်လိုက်သည်။

"ဟုတ်ပြီလေ၊ ၂ ရက်ပဲနော်။"

အော်မုန့်ရွှယ်၏ မျက်ခွံအောက်ရှိမျက်လုံးများက ထူးဆန်းစွာ လက်ခနဲတောက်သွားသည်။

ချီကျားယန် ကုမ္ပဏီသို့ပြန်ရောက်သောအခါ မနေ့က သူ့အမေပြောခဲ့သည်ကို ရုတ်တရက် အမှတ်ရသွားသည်။ သူ ဖုန်းထုတ်ကာ ဖုန်းခေါ်လိုက်သည့်အချိန်တွင်တော့ ဘယ်သူမှဖုန်းကိုင်မလာကြပေ။

တိတ်ဆိတ်သောလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်။

"မဂ်လာပါ အန်တီ၊ ကျွန်မတို့ ပထမဆုံးတွေ့ရတာကို ဒီလိုနေရာမျိုးမှာ ချိန်းလိုက်ရလို့ တောင်းပန်ပါတယ်။"

"မင်းက အော်မုန့်ရွှယ်လား။"

ဝမ်စူးဖျင် သူမရှေ့ရှိအမျိုးသမီးကို ကြည့်လိုက်သည်၊ အော်မုန့်ရွှယ်၏အတွေးများမှာ သူမ ခန့်မှန်းထားသည့်အတိုင်းပင်။

"ချီကျားယန်က မင်းကို ငါ့ဆီလာခိုင်းလိုက်တာလား။"

အော်မုန့်ရွှယ်၏အမူအရာများ တောင့်ခဲသွားသည်။ ချီကျားယန်၏အမေ သိနေလိမ့်မည်ဟု သူမ မထင်ထားပေ။ သူမ ကြိုတင်ပြင်ဆင်ထားမိ၍ ကံကောင်းသည်။

"ကျွန်မဘာသာကျွန်မ အန်တီ့ကို လာရှာတာပါ။"

ဝမ်စူးဖျင်နှာမှုတ်လိုက်သည်၊ ထင်ထားသည့်အတိုင်းပင်၊ သူမ အိတ်ထဲမှ ပိုက်ဆံတစ်ထပ်ထုတ်ကာ စားပွဲပေါ် တွန်းတင်ပေးလိုက်ပြီး သူမရှေ့ရှိမိန်းမအား အေးတိအေးစက် ကြည့်လိုက်သည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now