Chapter 250

504 44 0
                                    

Kiss Husband - 250

အပိုင်း (၂၅၀)

ပင်းယန်ယန်နှင့် မော့ထီနတို့ တစ်‌ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်၊ ခုနက လင်ရှီးပြောခဲ့သည်မှာ အဲ့လိုမဟုတ်ပေ၊ ဧကန္တ ရှန်းကျားကျားက ဘာမဟုတ်တာလေးကို ပြဿနာရှာလိုက်တာလား။

ထိုနှစ်ယောက် ရင်တုန်သွားကြ၏။

ပင်းယန်ယန်က ပထမဆုံး ကာပြောလာသည်။

"လင်ရှီး အဲဒီလို တစ်ခါမပြောခဲ့ပါဘူး၊ ရှင် ဘယ်ကကြားတာလဲ။"

အမှားလာရှာသော အမျိုးသမီးသရုပ်ဆောင်များက သူတို့ ငြင်းမယ်မှန်းသိနေ၍ ရယ်လိုက်ကြသည်။

"ရှင် ဥက္ကဌရွှီကို မြှူဆွယ်ချင်ရင်လည်း မှန်ထဲအရင်ပြန်ကြည့်လိုက်ပါဦး..."

"မှန်ကြည့်ရမယ်?"

လင်ရှီး သူမ လက်ကိုင်အိတ်ဇစ်ကိုဖွင့်လိုက်သည်၊ သူမအပြုအမူများက သူတို့ကို ကြောင်သွားစေသည်၊ သူမ ဘာလုပ်မလို့ပါလိမ့်။

သူမအိတ်ထဲမှ မှန်သေးသေးလေးကို ထုတ်လိုက်ပြီး မျက်နှာရှေ့ထောင်ကိုင်ထားလိုက်သောအခါ မှန်တွင် နူးညံ့သိမ်မွေ့သောမျက်နှာလေး ထင်ဟပ်လာသည်။

"လှတယ်လေ! ဘာပြဿနာမှမရှိပါဘူး။"

သူမစကားကို ကြားလျှင် ထိုအမျိုးသမီးသရုပ်ဆောင်များ သက်ပြင်းချမိကြရသည်။ သူတို့ မျက်နှာအရေထူသူများကို မြင်ဖူးပါသည်၊ သို့သော် ဒီတစ်ယောက်လောက် အရေထူသူမျိုးကိုတော့ တစ်ခါမှမမြင်ဖူးပါချေ။

ပင်းယန်ယန်နှင့် မော့ထီနတို့မှာ လင်ရှီးစကားကိုကြားလျှင် ကျိတ်ရယ်မိကြသည်။ ကြည့်ရတာ လင်ရှီးတန်ပြန်တိုက်ခိုက်မှုရဲ့ အစွမ်းက သိပ်ထိရောက်သွားပုံပဲ!

ထိုလူများ မျက်လုံးလှန်လိုက်ကြသည်ကို မြင်သောအခါ လင်ရှီး မှန်လေးကို အိတ်ထဲပြန်ထည့်လိုက်သည်။

"ကျွန်မ ဥက္ကဌရွှီကို မြှူဆွယ် မမြှူဆွယ်ဆိုတာ ရှင်တို့နဲ့ ဘာမှမဆိုင်ဘူးဟုတ်? ရှင်တို့အလှက ကျွန်မရဲ့ဆယ်ပုံပုံတစ်ပုံတောင် မရှိဘဲနဲ့လေ။"

သူမက မိမိကိုယ်ကို ချစ်တတ်သူတစ်ယောက်ဖြစ်သည်။ အမျိုးသမီးအနုပညာရှင်များမှာ အလှချင်း နှိုင်းယှဉ်ရသည်ကို အလွန်တားမြစ်ထားလေ့ရှိကြသည်၊ အထူးသဖြင့် မိတ်ကပ်ပြင်ထားချိန်တွင်ဖြစ်၏၊ ပင်းယန်ယန်နှင့် မော့ထီနတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြ၏။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now