Chapter 263

458 40 0
                                    

အပိုင်း (၂၆၃)

'ငါးမန်းနက်'သည် 'ရွှေတြိဂံ'နယ်မြေအတွင်း အသစ်ပေါ်ထွက်လာသော အဆိပ်တစ်မျိုးဖြစ်၏။

'တစ်ဖက်လူ' ပြောပုံအရ ယခုဆိုလျှင် ၎င်းပေါ်ထွက်လာသည်မှာ မျိုးဆက် ၄၅ဆက်မြောက် ရှိနေပြီဖြစ်သည်၊ သို့သော် ၎င်းတို့၏ကောက်ကျစ်မှုများကြောင့် မိမိတို့မှာ ယခုထိ သူတို့ကို ဖမ်းမမိသေးပေ။

ဖေရှန်းမှာ 'မန်နေဂျာ'ဟူသော သရုပ်ကို ၁၅ နှစ်မျှ သုံးနေခဲ့ခြင်းဖြစ်သည်။ ဒီကိစ္စ ဘယ်လောက်ရှုပ်ထွေးလဲ သူမ သိ၏။ ယခုတွင် ၄၅ ဆက်မြောက် 'ငါးမန်းနက်'မှာ အနုပညာလောကအတွင်း တဖန်ပြန်လည်ထွက်ပေါ်လာပြန်လေပြီ။ မိမိတို့လုပ်နိုင်စွမ်းအပေါ်တွင် မှီခိုနေရုံမျှဖြင့် မလုံလောက်တော့ပေ။

(ကြည့်ရတာ မူးယစ်ဆေးတမျိုးမျိုးဖြစ်မယ့်ပုံပေါ်ပါတယ်)
___________________________

ချီမိသားစုအိမ်တွင်။

အော်မုန့်ရွှယ်မှာ မီးဖိုချောင်ထဲ ပန်းကန်ဆေးနေရ၏။ သို့သော် သူမ လက်ရှိ အညိုအမည်းရာများကို မတော်တဆထိမိသွားပြီး မျက်ရည်များပင်ဝဲလာရသည်။

ထိုအခိုက်တွင် ဝမ်စူးဖျင်ဝင်လာပြီး နှုတ်ခမ်းများတွန့်ချိုးတက်သွား၏။

"မနေ့ည ကျားယန်က နင့်ကို ရိုက်နေတာလား။"

အော်မုန့်ရွှယ်၏မျက်လုံးများမှာ မသာမယာဖြစ်သွား၏။

"အမေ ကြားလိုက်တယ်မဟုတ်ဘူးလား။"

"အဲဒါ နင့်အရိုက်ခံသင့်တာပဲလေ၊ ငါ့သားအကြောင်း ငါအသိဆုံးပါဟယ်၊ သူ စိတ်ထားအရမ်းနူးညံ့တဲ့ကောင်လေးက နင့်ကြောင့်ဒီလို‌ဖြစ်သွားရတာ ၊အခုတော့ လူတောင်ရိုက်တတ်နေပါရော။"

အော်မုန့်ရွှယ် လက်သီးတင်းတင်းဆုပ်ကာ ဝမ်စူးဖျင်၏မျက်လုံးများကို စိုက်ကြည့်လိုက်၏။

ယန်ဟွေ့လင် အောက်ထပ်ဆင်းလာသောအခါ ထိုမြင်ကွင်းကို မြင်လိုက်ရ၍ မလှမ်းမကမ်း၌ တိတ်တဆိတ်ရပ်နေသည်။

"ဘာတုန်း ငါပြောတာ မဟုတ်လို့လား၊ ဧကန္တ ငါက နင့်ကို ချီမိသားစုထဲ အတင်းလက်ထပ်ဝင်ခိုင်းခဲ့တာလား၊ ကျားယန် နင့်ကိုလက်ထပ်လိုက်ရတာ သူ့ဘဝရဲ့ အကြီးဆုံးအမည်းစက်တစ်ခုပဲ!"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now