Kiss Husband - 228
အပိုင်း (၂၂၈)
"တကယ်တော့ အော်မုန့်ရွှယ်က ကျွန်မကိုဖိတ်ထားတယ်။"
"မင်းသွားမှာလား။"
"သူဖိတ်ထားတာပဲ၊ သွားရမှာပေါ့။"
"ကိုယ်လိုက်ပေးဖို့လိုသေးလား။"
"ဟင့်အင်း၊ ကျွန်မက ပြဿနာသွားရှာမှာမို့၊ အဲ့လိုကိစ္စမျိုးက ရှင်နဲ့မလိုက်ဘူးလေ၊ အဲဒီ့အပြင် ရှင် အဲ့မှာပေါ်လာရင် သူတို့ အရမ်းမျက်နှာပြောင်သလိုဖြစ်မသွားဘူးလား၊ အဲ့နှစ်ယောက်က ဈေးပေါပေါအရံဆန်ကုန်မြေလေးတွေပဲလေ၊ ဘာလို့သူတို့ကို မျက်နှာသာပေးနေရမှာလဲ၊ ဒါပေမယ့် ရှင် ကျွန်မကို ကိစ္စလေးတစ်ခုတော့ လုပ်ပေးဖို့လိုတယ်။"
"ဘာများလဲ။"
မဂ်လာဆောင်နေ့တွင်။
"သား၊ ဒီနေ့က မင်းရဲ့နေ့ထူးနေ့မြတ်ပဲ၊ မင်း ဘယ်လောက်မပျော်ပါစေ၊ မင်း ဘယ်လောက်ပဲ အော်မုန့်ရွှယ်ကို မကြိုက်ပါစေ၊ မင်းသည်းခံရမယ်၊ ဒါကြောင့် ပြုံးထားနော် ကြားလား။"
ချီကျားယန်က သူ့အမေစကားကိုကြားလျှင် တုံ့ဆိုင်းစွာ ခေါင်းညိမ့်လိုက်သည်။
"ဟုတ် သိပါပြီအမေ။"
"စကားမစပ် မင်း အဲဒီမိန်းမကိုတော့ မဖိတ်ထားဘူးမို့လား။"
သူ့အမေပြောသော 'အဲဒီမိန်းမ'မှာ လင်ရှီးဖြစ်ကြောင်း သူသိလိုက်သည်။
"ဟင့်အင်း၊ ကျွန်တော် မဂ်လာဆောင်တာ သူ့ကို မမြင်စေချင်ဘူး။"
"အင်း ကောင်းတယ်၊ လင်ရှီးအဲ့ဒီကလေးမက ကောင်းတာတော့ကောင်းပါတယ်၊ ဒါပေမယ့် သူ့အဆင့်က နိမ့်လွန်းတယ်၊ မင်းနဲ့မတန်ဘူး၊ အမေစဉ်းစားပေးသမျှက မင်းကောင်းဖို့ပဲလေ။"
"ကျွန်တော်သိပါပြီ၊ အမေ အရင်အထဲဝင်နှင့်တော့လေ၊ မဂ်လာပွဲ စတော့မယ်။"
ချီယန်ပင်းက ဝိုင်နီတစ်ခွက် ကိုင်ထားလျက်ဖြင့် တံခါးဝတွင် မဂ်လာပွဲသို့လာသမျှလူတိုင်းကို ဧည့်ခံကြိုဆိုနေသည်။
သို့သော် သူ ချီကျင့်ယွီနှင့် သူ့အမေတို့ကိုတော့ မတွေ့ချင်ခဲ့ပေ၊ သို့နှင့် သူ ချက်ချင်းတောင့်ခဲသွားသည်။
![](https://img.wattpad.com/cover/375735022-288-k802394.jpg)