Chapter 251

500 46 0
                                    

Kiss Husband - 251

အပိုင်း (၂၅၁)

"အားး... ဥက္ကဌရွှီ ငါ့ကိုကြည့်သွားတယ်!"

"ငါ့ကိုလည်း ကြည့်သွားတာပဲ၊ နှမြောစရာက ငါ စကားသွားမပြောရဲဘူးလေ၊ ဥက္ကဌပုံစံကြီးက အရမ်းအေးစက်လွန်းတယ်!"

ရွှီယိကျစ်က ရည်ရွယ်ချက်ရှိမှန်းမသိ၊ မရှိမှန်းမသိဖြင့် လင်ရှီးဆီ လျှောက်သွားသောအခါ လင်ရှီး လန့်သွား၏။ ဧကန္တ သူက မိမိတို့ပတ်သက်မှုကို ဖွင့်ချချင်နေတာလား။

အခြေအနေက ရုတ်တရက်ဆန်လွန်းသွားလျှင် ဖေရှန်း သူမကို သေလောက်အောင်မုန်းသွားတော့မှာ သေချာသည်။

ပင်းယန်ယန်က ပို၍ပို၍စိတ်လှုပ်ရှားလာ၏၊ ဥက္ကဌက သူမတို့ရှိရာဆီ လျှောက်လာနေပုံပေါ်သည်။

မထင်မှတ်ထားစွာပဲ သူက ထောင့်တစ်ထောင့်ရှိ ဆိုဖာတွင် ထိုင်ချလိုက်လေသည်။

"ကော ဘာသောက်မလဲ။"

"Blue Hawaii"

ခုနလေးက ရှန်းကျားကျားထံမှ လမ်းလွှဲခံလိုက်ရသောအမျိုးသမီးအနုပညာရှင်များမှာ အခု အားလုံး လင်ရှီး၏ ပွဲကြီးပွဲကောင်းကို စောင့်ကြည့်နေကြ၏။ ဥက္ကဌက လူများနှင့် ဆက်ဆံရတာမကြိုက်သော အေးတိအေးစက် လူချောတစ်ယောက်ဖြစ်မှန်း သူတို့မြင်ခဲ့ကြပြီးဖြစ်သည်။ သူမ ဒီအတိုင်း စကားသွားစပြောလိုက်လျှင် လူအများရှေ့ ကိုယ့်ကိုကိုယ် အရှက်ခွဲသလိုဖြစ်သွားပေလိမ့်မည်။

သူတို့မျက်လုံးများအားလုံးက သူမအပေါ်ရောက်နေသည်ကို လင်ရှီးမြင်လိုက်ရ၏၊ သူတို့အားလုံးက ဒီလောက်တောင် မျှော်လင့်စောင့်စားနေမှတော့ သူမ သူတို့ကို စိတ်ပျက်စေလို့မဖြစ်တော့ပေ။

ချီကျင့်ယွီ ဝိုင်ခွက်ကိုကမ်းပေးလိုက်ပြီး အသံတိုးတိုးဖြင့်ပြောသည်။

"ကောကို ဘယ်သူမှ မမှတ်မိကြဘူးရော်? နှစ်ကလေးနည်းနည်းပဲရှိသေးတာကို ဒီလောက်မြန်မြန် ပြောင်းလဲကုန်ကြပြီ။"

သူ့ကောက တစ်နိုင်ငံလုံးတွင် အငယ်ဆုံး သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ခဲ့သည်ပင်၊ လွန်ခဲ့သောငါးနှစ်က သူ ရုတ်တရက် သရုပ်ဆောင်အလုပ်ကို ရပ်လိုက်ပြီး ဥက္ကဌနေရာကို လက်လွှဲယူခဲ့သည်၊ ချီကျင့်ယွီလည်း ရွှီအုပ်စုကို ဝင်လာခဲ့၏။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now