Kiss Husband - 242
အပိုင်း (၂၄၂)
လင်ရှီး ဘာသာ တွေးလိုက်မိသည်၊ သူမ ဆုံးဖြတ်ချက် မှန်သွားတာ ကံကောင်းသည်။
ယန်ဝေ ထရပ်လိုက်သည်ကိုမြင်သောအခါ ချီကျင့်ယွီက သူ့လက်ကို ဆွဲထား၏။
"ဒီကိစ္စအတွက် တာဝန်ရှိတဲ့လူက ချီကျားယန်ပဲဖြစ်ရမှာ၊ ခင်ဗျားမဟုတ်ဘူး။"
လင်ရှီးလည်း ထရပ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"သွားစရာမလိုပါဘူး။"
သူမ ချီကျင့်ယွီကို ဖြတ်ခနဲလှမ်းကြည့်လိုက်သော် သူ ချက်ချင်း တစ်စုံတစ်ရာကို သတိရသွားပြီး သူ့အိတ်ကပ်ထဲရှိ USB drive လေးကို အစည်းအဝေးခန်းအတွင်းရှိ ကွန်ပျူတာသို့ ထိုးသွင်းလိုက်၏၊ ကွန်ပျူတာတွင် ပေါ်လာသည်မှာတော့ ယန်ဝေ၏ 'ပြစ်မှု'ကျူးလွန်နေသော လုပ်ငန်းစဉ်တစ်လျှောက်လုံးဖြစ်ချေသည်။
ယန်ဝေ ကျိတ်၍ ထိတ်လန့်သွားမိသည်။ ထိုနေ့က သူ ထိုအခန်း၏ ဆားကစ်ကို တိတ်တဆိတ် ဖြတ်ချခဲ့ပြီး စောင့်ကြည့်ကင်မရာများက မဖမ်းယူနိုင်တော့ဟု ထင်ထားခဲ့၏။ ဒီနေ့ သူ့အမှားကို ဝန်ခံမိတာ သူ ဝမ်းသာသင့်သည်။
"ဒုဥက္ကဌချီနဲ့ မဒမ်ရွှီတို့က အစောကတည်းက သိပြီးသားကိုး၊ ကျွန်တော် တကယ်ရှက်မိပါတယ်။"
"ခင်ဗျားကို ဒီဗီဒီယိုပြတာသည် ကိုယ့်ကိုကိုယ် ထိုးအပ်ခိုင်းဖို့မဟုတ်ဘူး၊ ခင်ဗျား အစစ်အမှန် နောင်တ ရမရ ကျွန်တော်တို့ သိရအောင်လို့ပဲ။"
ချီကျင့်ယွီ၏စကားများမှာ ယန်ဝေအား ပို၍ အပြစ်ရှိသလို ခံစားရစေသည်။
လင်ရှီးက ထပ်ဖြည့်ပြော၏။
"ကျွန်မတို့ ယိကျစ်ကို ဒီကိစ္စ ပေးသိဖို့ မရည်ရွယ်ထားဘူး၊ ဆိုတော့ ရှင်စိတ်ချလို့ရတယ်၊... ဒါပေမယ့် ရှင် ဒီအတွက်တော့ ပြန်ဖာထေးပေးဖို့လိုတယ်။"
"မဒမ်ရွှီ စိတ်မပူပါနဲ့၊ ကျွန်တော် ဒီတစ်ခါတော့ သေချာပေါက် စိတ်ရှုပ်ပြီး အမှားတွေ လုပ်မှာမဟုတ်တော့ပါဘူး။"
ယန်ဟွေ့လင်မှာ စိတ်အေးစွာဖြင့် သက်ပြင်းချမိပြီး လင်ရှီးအား ကျေးဇူးတင်စွာ ကြည့်လာသည်။