အပိုင်း (၂၆၀)
ဖေရှန်း ချိတ်များဖြင့်ချိတ်ထားသော လက်ရာမြောက်ထူးခြားလှသည့် ဝတ်စုံများကို ကြည့်ရင်း တစ်ထည်စီတိုင်းက အကောင်းစားများဖြစ်သည်ကို တွေ့လိုက်ရသည်။
"ဒီဝတ်စုံက ပြင်သစ်အထက်တန်းစားဒီဇိုင်းနာ ဝေ့ထင်ရဲ့ ထိပ်တန်းလက်ရာပဲ၊ ဒီတစ်ထည်က...'Vienna ဖက်ရှင်ပွဲ'ရဲ့ ချန်ပီယံဖြစ်ခဲ့တာ၊ ပြီးတော့ ဒီဟာကကျ အဆင့်မြင့်ပညာရှင် ဆရာကြီးအောက်သယ်ပေါ် မဆုံးခင်က လုပ်ခဲ့တဲ့ နောက်ဆုံးတစ်ထည်။"
ဖေရှန်း သူတို့၏မူလဇစ်မြစ်များအား ပြောပြနေသည်ကို နားထောင်ရင်း လင်ရှီးရင်ထဲ ပို၍တုန်လှုပ်လာရပြီး မျက်လုံးထဲ လေးစားအားကျမှုများဖြင့် ပြည့်နေတော့သည်
"ဖေကျဲ အများကြီးသိတာပါ့ရော။"
ဖေရှန်း မျက်လုံးထောင့်မှ လင်ရှီး၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်၊ လင်ရှီး တကယ်ပဲ သူမကို ဘယ်လောက်တောင် ဖုံးကွယ်ထားပါလိမ့်။
လင်ရှီး၏အေးဂျင့်အနေဖြင့် မိမိမှာ သူမ ဘဝနေထိုင်မှုအကြောင်း စိုးစဉ်းမျှပင်မသိ၊ ၎င်းက သူမအား မခံချိမခံသာဖြစ်စေသည်။
"ဒီမှာရှိသမျှ အထည်တိုင်းက ရှားပါးရတနာတွေပဲ။"
ဖေရှန်း၏စကားများမှာ လင်ရှီးရင်ထဲ မုန်တိုင်းထန်သွားစေသည်၊ သေချာပေါက် ယိကျစ်လုပ်ပေးထားသည်များပင်၊ သူဟာ သူမကို အကောင်းဆုံးများသာပေးရန်ဆန္ဒရှိလေသည်။
"ကဲ ရှင့်အိပ်ခန်းကိုသွားကြည့်ရအောင်။"
"အွန်း ဟုတ်ပြီ။"
လင်ရှီး၏ခြေထောက်များ ပျော့ကျသွားလုနီးပါး၊ သူမ ဤဇိမ်ခံအဖိုးတန်ပစ္စည်း အစစ်အမှန်များကြောင့် အင်မတန်ရှော့ခ်ရသွားခဲ့ရ၏။ ဖေကျဲက ဒီရတနာများဝယ်ရန် ဘယ်ကပိုက်ဆံရသလဲဟု မေးလာမည်ကို သူမ စိုးရိမ်နေခဲ့လေသည်။
"ဖေကျဲ ဒီဘက်က ကျွန်မအိပ်ခန်းပါ။"
သူတို့ လင်ရှီး၏အိပ်ခန်းနားသွားနေစဉ်မှာပဲ တစ်ဖက်အခန်းမှ လှုပ်ရှားသံတစ်ခုခု ကြားလိုက်ရသည်၊ တစ်စုံတစ်ရာက ကြမ်းပေါ်ပြုတ်ကျသွားသလိုမျိုး။