Chapter 295

258 29 0
                                    

အပိုင်း (၂၉၅)

'သေရေးရှင်ရေးနှင့်ဆိုင်သော လေ့ကျင့်မှုများ'ဟု ကြားလိုက်ရသောအခါ လင်ရှီး တုန်ယင်သွားမိသည်။ အရင်ဘဝက ပင်းယန်ယန်မှာ ထိုလေ့ကျင့်ရေးတွင် မျက်နှာရုပ်ပျက်ဆင်းပျက်ဒဏ်ရာရသွားခဲ့ရပြီး လေယာဉ်ပေါ်တက်ရန်ပင် အခွင့်အရေးမရလိုက်ဘဲ အစီအစဉ်မှ ထွက်သွားခဲ့ရလေသည်။

"ဒီနေ့ အားလုံး ဖုန်းဆက်ဖို့ အချိန်သုံးမိနစ်ရမယ်၊ မိသားစုတွေကို ဖုန်းခေါ်လို့ရတယ်။"

အဖွဲ့ခေါင်းဆောင် ပြောသည်ကို ကြားသောအခါ 'ချီကျင့်ယွီ' အနည်းငယ် အံ့အားသင့်သွား၏။ ကြည့်ရတာ လင်ရှီးပြောခဲ့သော စနေတနဂ်နွေများတွင် ဖုန်းပြောချိန်ရမည်ဆိုသည်မှာ လက်စသတ်တော့ ဒီလိုဖြစ်နေတာကိုး။

ရုတ်တရက် သူ အင်မတန်အရေးကြီးသော မေးခွန်းတစ်ခုကို သတိရမိသွားသည်၊ လင်ရှီး သူ့ကို ဖုန်းခေါ်သောအခါ ဘယ်သူလာကိုင်မလဲ မသိချေ၊ အကယ်လို့သာ...။

လင်ရှီးက အစီအစဉ်ရိုက်ကူးရေးအဖွဲ့အား ဖုန်းပြောချိန်ကို လျှို့ဝှက်ထားပေးရန် တောင်းဆိုသဖြင့် အခန်းထဲတွင် သူတို့ ၆ ယောက်သာ ရှိနေသည်။

"ချီကျင့်ယွီ။"

"ရှိ။"

တာဝန်ရှိသူက ပထမဆုံး သူ့နာမည်ခေါ်လိုက်သည်ကို ကြားရသောအခါ 'ချီကျင့်ယွီ' ရင်ထဲ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်၊ ကြည့်ရတာ မိမိ သူ့(ချီကျင့်ယွီ အစစ် xD) ကို အရင်ရှင်းပြထားဖို့လိုမည်ထင်သည်။

"ဟယ်လို မင်း အခု အလုပ်များနေလား။"

ချီကျင့်ယွီအစစ်မှာ ရုံးခန်းထဲတွင် ခြေချိတ်ထိုင်နေရင်း ရုတ်တရက် ဖုန်းထဲမှ သူ့အသံကိုကြားလိုက်ရသောအခါ လန့်ဖြတ်သွား၏။

"ဘယ်သူတုန်းဟ။"

ရွှီယိကျစ်၏မျက်နှာက ‌မှုန်မှိုင်းနေလျက်။

"ငါပါ၊ ချီကျင့်ယွီ။"

ချီကျင့်ယွီ ချက်ချင်းတုံ့ပြန်လာ၏၊ ကောဘေးတွင် မရီးရှိနေတာဖြစ်ရမည်၊ ထို့ကြောင့် သူ မိမိသွင်ပြင်အစစ်ကို ဖော်ထုတ်လိုက်လို့မကောင်း။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now