အပိုင်း (၂၈၉)
အဖွဲ့ခေါင်းဆောင်၏အမိန့်ကိုကြားသောအခါ လင်ရှီး စိတ်ဓာတ်ကျသွားသည်၊ နဂိုက သူမမှာ ချီကျင့်ယွီထက် ရလာဒ်ပိုကောင်းလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူမ မှားသွားပုံပေါ်၏။
'ချီကျင့်ယွီ'လည်း ခပ်ဖွဖွမျက်မှောင်ကြုံ့မိ၏၊ လင်ရှီးမှာ ကွင်း ၂၀ ကိုပင် မှန်အောင်ပစ်နိုင်မည်မဟုတ်လောက်ပေ။
လင်ရှီး နေရာယူပြီးနောက် အဖွဲ့ခေါင်းဆောင် ညွှန်ကြားလာမည်ကို စောင့်နေသည်၊ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်က ပစ်မှတ်ဘုတ်ပြားရှေ့သို့ လျှောက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
အဖွဲ့ခွဲခေါင်းဆောင်နှင့် လီမင်တို့မှာ အားလုံး အံ့အားသင့်သွားကြသည်၊ ဘာလို့ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်တောင်..။
(T/N - အဖွဲ့ခေါင်းဆောင်(队长)နဲ့ အဖွဲ့ခွဲခေါင်းဆောင်(班长)နဲ့က လူ ၂ ယောက်ပါနော်၊ အဖွဲ့ခွဲခေါင်းဆောင်က 'ယင်းကျွင့်'ဆိုတဲ့နာမည်နဲ့ပါ)
ထို့နောက် အဖွဲ့ခွဲခေါင်းဆောင်က အဖွဲ့ခေါင်းဆောင်၏ အပြုအမူကို နားလည်သွားပြီး ချက်ချင်း လူတန်းမှ ထွက်လာခဲ့၏။
ရှန်ပင်းချန့်က တမင်တကာ ပြောလိုက်သည်။
"ခုနက လင်ရှီး ပရမ်းပတာနဲ့ ၅ ချက်ပစ်လိုက်တာ ငါကြားတယ်၊ နင်တို့ပြောကြည့်၊ တို့အဖွဲ့ခေါင်းဆောင်က လင်ရှီးရလာဒ်တွေ အရမ်းနိမ့်လွန်းလို့များ ကိုယ်တိုင်ထွက်သရုပ်ပြတာလားလို့။"
လီမင်နှင့် ယွီကျားယင်တို့မှာ ရင်ထိတ်နေကြသည်။
'ချီကျင့်ယွီ'မှာတော့ ပို၍စိုးရိမ်စွာဖြင့် အပြင်တွင် မှောက်လျက်အနေအထားဖြင့်နေရာယူထားသော လင်ရှီးကို ကြည့်နေလေသည်။
"မောင်းတံဖွင့်၊ ပစ်လိုက်!"
အဖွဲ့ခွဲခေါင်းဆောင် ပြောသည်ကိုကြားသာအခါ လင်ရှီး အံဩစွာဖြင့် ခေါင်းထောင်လာသည်။
"တင်ပြပါတယ်၊ ကျွန်မ မေးစရာတစ်ခုရှိပါတယ်။"
"ပြော။"
"အဖွဲ့ခွဲခေါင်းဆောင်၊ ကျွန်မက အဖွဲ့ခေါင်းဆောင်ဘေးက ရင်ဘတ်ကွင်းပစ်မှတ်ကို ပစ်ရမှာလား။"