Chapter 220

902 70 0
                                    

Kiss Husband - 220

အပိုင်း (၂၂၀)

"ရှောင်နော့၊ တီချယ်ပြောထားတယ်နော်၊ လိမ်တဲ့ကလေးက လိမ္မာတဲ့ကလေးလေးမဟုတ်ဘူးလို့၊ သားက သားအတန်းဖော်ကို အနိုင်မကျင့်ခဲ့ရင် ဘာလို့ ယန်ဖေးတကိုယ်လုံး ဖုန်တွေသဲတွေချည်း ဖြစ်နေရမှာလဲ။"

"ဆရာမ သူက သူ့ဘာသူ ချော်လဲကျသွားတာပါ၊ ရှောင်နော့ မလိမ်ပါဘူး။"

ဆရာမက မျက်မှောင်ကြုံ့လိုက်ပြီး သူ လိမ်နေသည်ဟု ဆုံးဖြတ်လိုက်၏။

"ဟုတ်ပြီ သားရဲ့ ဖေဖေ ဒါမှမဟုတ် မေမေကို ခေါ်လိုက်မယ်။"

"ဆရာမ..."

ပေါက်စလေးက ခပ်ဖွဖွအော်လိုက်ပြီး သူမပုံရိပ်က သူ့မျက်လုံးနက်နက်လေးများထဲ ထင်ဟပ်နေလျက်။

"ဖေဖေနဲ့ မေမေကို မခေါ်လို့ရမလားဟင်။"

သူ့မျက်လုံးလေးများထဲကြည့်လိုက်သော် တစ်စုံတစ်ရာ ဝင်ပူးခံလိုက်ရသည့်အလား အကြောင်းရင်းမရှိစွာဖြင့် သူမရင်ထဲ ပျော့ပျောင်းသွားရပြီး ထူးဆန်းစွာဖြင့် သူပြောသည်ကို လက်ခံလိုက်တော့သည်။

သို့သော် ဘာဖြစ်ခဲ့သည်ကို သတိရမိသောအခါ သူမ အနည်းငယ် နောင်တရမိ၏၊ ယန်ဖေးက မူကြိုတွင် အနိုင်ကျင့်ခံရသည့်အကြောင်း သူ့အဖေကို ပြန်ပြောလိုက်လျှင် ရှောင်နော့ ကျောင်းထုတ်ခံရနိုင်ချေရှိ၏၊ သူမလည်း သေချာပေါက် တစ်စိတ်တစ်ပိုင်း တာဝန်ခံရမည်ပင်။

သာမန်မူကြိုသာဆိုလျှင် အဆင်ပြေသော်လည်း ဒီနေရာကတော့ မတူပေ။ ဤသည်မှာ အထက်တန်းလွှာများ စုဝေး‌နေရာဖြစ်ပြီး ကလေးအချင်းချင်း တွန်းတိုက်မှုလေးကပင်လျှင် မိဘများ ကွန်ပလိန်းတက်လာစေနိုင်သည်။

သူမ တွေးလိုက်သည်၊ ကျောင်းဆင်ချိန်ထိစောင့်ပြီး ကလေးမိဘများနှင့်ဆွေးနွေးသည်က ပိုကောင်းပေမည်။

နောက်ဆုံးတော့ ကျောင်းဆင်းသည်အထိ စောင့်ပြီးသွားခဲ့ပြီ။

သခင်ကြီးရွှီမှာ အချိန်အတော်ကြာစောင့်ခဲ့ရပြီးနောက် ထပ်မစောင့်နိုင်တော့ပေ။

"ငါ့မြစ်ကလေး ငါတို့နဲ့ လွဲသွားလောက်လား "

စူးကျစ်ယန်လည်း ရှောင်နော့နှင့်လွဲသွားမည်စိုး၍ နံဘေးမှ ဂရုတစိုက်ကြည့်နေ၏။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Donde viven las historias. Descúbrelo ahora