Kiss Husband - 203
အပိုင်း (၂၀၃)
စူးကျစ်ယန်က တစ်ခုခုစဉ်းစားမိသွားပုံပေါ်သည်။
"တချို့ ချူချာပြီး ကြီးပြင်းလာဖို့ခက်တဲ့ကလေးတွေကို ဗုဒ္ဓဆီ အပ်ထားလို့ရတယ်ပြောတာ ကျွန်မကြားဖူးတယ်၊ ပြီးတော့ ကျင့်ကြံရေးအခြေခံရှိပြီး အဆင့်အတန်းမြင့်ဆရာတော်တွေကို ဆရာအဖြစ်ဆည်းကပ်ရင် အနာဂတ်မှာ ဒုက္ခတွေက ကျော်လွှားနိုင်မယ်တဲ့၊ အဲ့လိုမျိုးလား။"
"မင်း ခုမှ ဘာလို့ ဗုဒ္ဓဘာသာကို လာယုံကြည်နေတာလဲ။"
ရွှီရှင်းရုန်၏မျက်ခုံးတန်းများ ရုတ်တရက်ပြေလျော့သွား၏။
"ရှင်မေ့သွားပြီလား၊ ကျွန်မတို့ယိကျစ် ငယ်ငယ်ကရော ခဏခဏဖျားခဲ့တယ်မဟုတ်ဘူးလား။"
ရွှီယိကျစ်က မျက်တောင်ပင်မခတ်။
"အင်း၊ အဲ့လိုပြောလို့ရပါတယ်။"
"အော... ငါသိပြီ၊ ငါလည်း မင်းကို နှစ်နည်းနည်းလောက် ဘုရားကျောင်းပို့ခဲ့ရမှာ။"
သူတို့ စာကြည့်ခန်းထဲမှထွက်လာပြီးနောက် ရွှီရှင်းရုန်နှင့် စူးကျစ်ယန်တို့မှာ ပို၍ရင်းနှီးချစ်ခင်သော မျက်လုံးများဖြင့် ရှောင်နော့လေးအား ကြည့်လာကြသည်။
"ရှောင်နော့၊ ဘိုးဘိုးနဲ့ဘွားဘွားတို့ ကြည့်ရအောင် ခဏလာပါဦး။"
ဘွားဘွား၏စကားကိုကြားလျှင် ရှောင်နော့ ချက်ချင်း ဆိုဖာပေါ်မှ ဆင်းလာ၏။
"ဒီမျက်လုံးတောက်တောက်လေးတွေကို ကြည့်ဦး၊ ယိကျစ်ငယ်ငယ်တုန်းကနဲ့ တထေရာတည်းပဲ၊ ဒီနှုတ်ခမ်းသေးသေးလေးကလည်း ရှောင်ရှီးနဲ့တူတယ်နော်၊ ကြည့်လေလေ ပိုစိတ်ချမ်းသာလေလေပဲ။"
စူးကျစ်ယန်က သူ့မျက်နှာသေးသေးလေးကို ချစ်မြတ်နိုးစွာ ဖျစ်ညှစ်လိုက်ပြီး ဆံပင်များက မီလီမီတာသေးသေးလေးသာ ရှည်ထွက်နေဆဲဖြစ်သော ခေါင်းကလေးကို ပွတ်လိုက်သည်၊ သူမရင်ထဲ အနည်းငယ်စိတ်မကောင်းဖြစ်နေမိ၏။
သူမမျက်နှာလှည့်လိုက်သော် မျက်လုံးထဲ မျက်ရည်များရှိနေလေသည်။
