Kiss Husband - 211
အပိုင်း (၂၁၁)
ရှုးထင်ထင်က ရှင်းပြသည်။
"ခုနကဖုန်းက ငါနဲ့ငါ့သူငယ်ချင်းတို့ စ,နေတာပါ၊ မယုံရင် နင် သူ့ကို ဖုန်းဆက်ကြည့်လို့ရတယ်။"
ည ၉ နာရီရှိနေပြီ၊ လင်ရှီး မအိပ်သေးလောက်ဘူးမလား။
ထို့နောက် သူမ ဖုန်းကိုထုတ်ကာ ကျန်းနန်ကို ပေးလိုက်သည်။
"နင် ငါနောက်ဆုံးခေါ်ထားတဲ့ဖုန်းကိုရှာပြီး အချိန်တိုက်ကြည့်လိုက်ရုံပဲ၊ ငါ လိမ်မလိမ် နင်သိပါလိမ့်မယ်။"
ကျန်းနန်က မသ်ကာစွာ ယူလိုက်ပြီး ဖုန်းခေါ်ဆိုမှုမှတ်တမ်းထဲတွင် ရှာကာ ဖုန်းခေါ်လိုက်သည်။
"ဟယ်လို ထင်ထင်ကျဲ၊ ဘာဖြစ်လို့လဲ "
ဖုန်းထဲမှ အမျိုးသမီးအသံ ထွက်လာသည်ကို ကြားလျှင် ကျန်းနန်ရှက်ရွံ့သွားရပြီး ဖုန်းကို ရှုးထင်ထင်အား ဖြည်းဖြည်းချင်း ပြန်ပေးလိုက်သည်။
ရှုးထင်ထင်က အသံကိုနှိမ့်လိုက်ပြ။
"ရှောင်ရှီး ဆောရီးနော်၊ ငါ ခုနက ဖုန်းမှားခေါ်မိသွားတာ.. အင်း...ညစောစောအိပ်၊ ဘိုင့်ဘိုင်။"
သူမ ဖုန်းချလိုက်သည်ကိုမြင်လျှင် ကျန်းနန်က စိတ်ဆိုးစွာပြော၏။
"တောင်းပန်ပါတယ် မရီး၊ ကျွန်မ အထင်လွဲမိသွားတယ်။"
သူမပြောသည်ကိုမြင်လျှင် မုန့်ရှီးချန် စိတ်အေးသွားသည်။
မုန့်ဟောက်ထျန်း အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။
"ကျန်းနန်၊ မင်း နောက်ဆို ပြဿနာမရှာလို့ရမလားကွာ။"
"ယိကျစ်၊ အမေ မင်းနဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်။"
မုန့်ရှင်းယန်မှာ သူမသားမက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သိသွားသောအခါ သူမစိတ်ထဲ အင်မတန်ရှုပ်ထွေးသွားရသည်။
ရွှီယိကျစ်က သူမနောက်မှ လိုက်လာပြီး သူမ စကားစပြောလာမည်ကို တိတ်တဆိတ် စောင့်နေ၏။
"အမေက အခု 'Entertainment Express အပတ်စဉ်ထုတ်'ရဲ့ အယ်ဒီတာချုပ်ဖြစ်နေပြီရယ်၊ ဒီနေ့ သတင်းအဖွဲ့ကလူတွေက အမေ့ဆီလာပြီး မင်း ဒါမှမဟုတ် လင်ရှီး တစ်ယောက်ယောက်ရဲ့ သတင်းအကြောင်း ထည့်ဖို့ အမေ့ကို 'လက်တွေ့'ပြခိုင်းချင်နေကြတယ်၊ မင်း ဘယ်လိုထင်လဲဟင်၊ အဆင်ပြေရဲ့လား။"