Kiss Husband - 240
အပိုင်း (၂၄၀)
အတွင်းရေးမှူးယန် ဝင်လာပြီး လက်ဖက်ရည်ခွက်များကို စားပွဲပေါ် တလေးတစား တင်ပေးလိုက်သည်။
လင်ရှီး သူ့ကို သာမန်ကာလျှံကာ လှမ်းကြည့်လိုက်သည်။ ခုနက အန်တီပြောလိုက်တာ အချိန်ကိုက်ဖြစ်သွား၏။
"ယိကျစ်၊ အန်တီက ကျင့်ယွီ အလုပ်လုပ်တဲ့နေရာ ကြည့်ချင်တယ်ဆိုလို့ ကျွန်မတို့ အတူတူလာခဲ့တာ၊ အတွင်းရေးမှူးယန်က ကျွန်မတို့ကို လိုက်ပြပေးလို့ရမလား။"
လင်ရှီး၏ ရည်ရွယ်ချက်မှာ ရွှီယိကျစ် မသိခင် ပြဿနာကို ရှင်းပစ်ဖို့ဖြစ်သည်။ မည်သို့ဆိုစေကာမူ... ယန်ဝေက လုပ်ရည်ကိုင်ရည် ကောင်း၏၊ သို့သော် လူမှား၍ ယုံခဲ့မိရုံသာ။ သူက စီးပွားရေးကိစ္စများ ခိုးခြင်း စသည့် ကိစ္စများ လုပ်ခဲ့သည်ကို ယိကျစ် သိသွားလျှင် သူ့အကျင့်စရိုက်အရ အရက်စက်ဆုံးနည်းလမ်းကို ရွေးနိုင်ခြေများ၏။
သူမ ယခုလုပ်ရမည်မှာ ပြဿနာကို အရိုးရှင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းဖို့ပင်။
ရွှီယိကျစ်မျက်လုံးထဲ အတွေးများ ဖြတ်ပြေးသွားပြီးနောက်။
"ရတယ်လေ။"
"ဒါ ကျွန်တော်တို့ ပုံမှန်အစည်းအဝေးလုပ်တဲ့အခန်းပါ၊ အထဲကတစ်ခုကတော့ အရေးပေါ်အစည်းအဝေးခန်းပေါ့။"
ယန်ဝေက ခန်းဆီးများကို လှစ်ဟလိုက်သောအခါ အစည်းအဝေးခန်းက လင်းထိန်သွား၏။
အဆင့်မြင့်အစည်းအဝေးစားပွဲနှင့် ထိုင်ခုံများနှင့် ရိုးရှင်းကာ ခမ်းနားသော ပြင်ဆင်ပုံများကြောင့် ယန်ဟွေ့လင် စိတ်ထဲမှ သက်ပြင်းချမိသည်။ အစည်းအဝေးခန်းတစ်ခန်းကတောင်မှ ရိုးရှင်းကာ ခမ်းနားထည်ဝါနေ၏။
"အဲ...."
ယန်ဝေ တစ်ခုခုပြောတော့မည့်အချိန်တွင် လင်ရှီးက ကြားဖြတ်ပြောလိုက်သည်။
"ဟုတ်ပြီ၊ ကျွန်မတို့လည်း အစည်းအဝေးအသေးစားလေး လုပ်ကြတာပေါ့။"
စကားဆုံးသော် ချီကျင့်ယွီက ထိုင်ခုံတစ်လုံးပင် ဆွဲထုတ်ပြီးနှင့်ပြီဖြစ်သည်ကို တွေ့လိုက်ရသည်။