Chapter 223

517 52 0
                                    

Kiss Husband - 223

အပိုင်း (၂၂၃)

ရှောင်နော့၏ နူးနူးညံ့ညံ့အသံလေးကို ကြားရလျှင် လင်ရှီး၏ စိတ်ကိုဆွလိုက်သလိုဖြစ်သွားကာ အထူးသဖြင့် အဂ်လိပ်လို 'I love you' ဟူသည့်စကားလေးက သူမရင်ထဲ လှုပ်ခတ်သွားစေ၏။

"ကလေးလေးရယ် မေမေက သားသားကို ဘယ်လိုလုပ်မလွမ်းရမှာလဲ၊ မေမေ သားသားကို အလွမ်းဆုံးပဲ၊ I love you too နော်၊ ဒီနေ့ မူကြိုမှာ လိမ်လိမ်မာမာနေခဲ့ရဲ့လား။"

ရှောင်နော့က ခဏမျှတွန့်ဆုတ်နေပြီးနောက် ရွှီယိကျစ်က ဖုန်းကိုယူလိုက်သည်။

"မပူပါနဲ့၊ ဒီနေ့ သူလိမ်မာပါတယ်။"

ရှောင်နော့ သူ့ဖေဖေကို ကျေးဇူးတင်စွာကြည့်လိုက်သည်။

ရွှီယိကျစ်၏အသံကိုကြားလျှင် လင်ရှီး ချက်ချင်းစိတ်အေးသွားရသည်။

"ယောင်္ကျား၊ အခု ရှင့်မိဘတွေအိမ်မှာလား။"

"အင်း၊ အမေနဲ့အဘိုးက ဒီနေ့ ရှောင်နော့ကိုသွားကြိုကြတာလေ၊ ဒီနေ့ မင်းရိုက်ကူးရေးရော အဆင်ပြေရဲ့လား။"

"ရိုက်ကူးရေးက ရှောရှောရှူရှူပါပဲ၊ ကျွန်မ အခု တောင်ပေါ်ရွာသေးသေးလေးမှာ ရောက်နေတာ၊ မနက်ဖြန် တာဝန်ပြီးလို့ရှိရင် သဘက်ခါလောက် ပြန်လာနိုင်မယ်ထင်တယ်။"

"ကိုယ်မရှိတော့ မင်း ဂရုစိုက်ရမယ်နော်၊ ညဘက်အိပ်မပျော်ရင် ကိုယ်အသံသွင်းထားပေးတာကို နားထောင်...."

သူ သူမကိုပေးခဲ့တဲ့ဖုန်းမှာ သူ့ကိုယ်သူ အသံသွင်းထားသေးတာလား။

"ဟုတ်ပြီ၊ ခဏနေရင် ကျွန်မ နားထောင်လိုက်မယ်... ကျွန်မမှာ ရှင့်ခွင့်ပြုချက်တောင်းစရာတစ်ခုရှိသေးတယ်။"

ရွှီယိကျစ်က အသံမပြုဘဲ သူမပြောလာမည့်စကားကို စောင့်နေ၏။

"ကျွန်မ ရှင့်နာမည်နဲ့.... အလှူလေးတစ်ခု လုပ်လို့ရမလား"

ရွှီယိကျစ်နှုတ်ခမ်းစွန်းများ မသိမသာကော့တက်သွားသည်။ သူမ ဘယ်တုန်းကများ အရင်လုပ်ပြီးမှ ခွင့်မတောင်းဘဲနေဖူးလို့လဲ။

"မင်းစိတ်တိုင်းကျသာလုပ်၊ မင်းနောက်မှာ ကိုယ်ရှိတယ်ဆိုတာ မှတ်ထားပေး။"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now