Kiss Husband - 201
အပိုင်း (၂၀၁)
ရှောင်နော့က သူ့ခြေထောက်တိုတိုလေးများဖြင့် ပြေးလာကာ စိတ်လှုပ်ရှားစွာအော်လိုက်သည်။
"မေမေ၊ မေမေ၊ ရှောင်နော့ ဒီနေ့ အသစ်လေ့ကျင့်ထားတာလေး ပြမယ်!"
သို့သော် တံခါးဆီသို့ရောက်သောအခါ သူ့မေမေမဟုတ်သည်ကို မြင်လိုက်ရသည်။
အန်တီကျန်း၏အမူအရာက အနည်းငယ် ပျာယာခတ်သွားသည်။ ထိုလင်မယားမှာ ကလေးအကြောင်းကို သူမမှလွဲ၍ ဘယ်သူ့ကိုမှပြောမထားပေ။ ဆရာ့၏မိဘများ ရုတ်တရက် ရောက်လာလိမ့်မည်ဟု သူမလည်း မထင်ထား။
"ဘိုးဘိုးနဲ့ဘွားဘွား မဂ်လာပါ၊ သားမိဘတွေကိုရှာတာလားဟင်။"
ရွှီရှင်းရုန်နှင့် သူ့ဇနီးတို့ ဒီဖက်ထုပ်လုံးလေးကို မြင်သောအခါ အံ့အားသင့်သွားကြရသည်။ ဧကန္တ အဲဒီအမျိုးသမီးပြောတာ အမှန်ဖြစ်နေမလား။
လွန်ခဲ့သောလေးနှစ်က လင်ရှီး ကလေးတစ်ယောက် မွေးဖွားခဲ့သည်။ အဲဒီကလေးက အခု မိမိတို့ရှေ့က ကလေးလား။
ကလေးလေးက သူတို့အား 'ဘိုးဘိုး'နှင့် 'ဘွားဘွား'ဟုခေါ်သည်ကို ကြားလျှင် သူတို့နှလုံးသားမှာ ချက်ချင်းနူးညံ့ပျော့ပျောင်းသွားရသည်။ ကလေးလေး၏အသံလေးက နူးအိကာ ချစ်စရာကောင်း၏။ တစ်နေ့နေ့တွင် တစ်စုံတစ်ယောက်သောသူလေးက သူတို့အား 'ဘိုးဘိုး' 'ဘွားဘွား' ဟု ခေါ်လာမည်ကို သူတို့ စိတ်ကူးယဉ်ခဲ့ကြဖူး၏။
ထိုသို့ဖြင့် သူတို့ ရယ်မောလျက် အိပ်မက်မှ နိုးလာရပေလိမ့်မည်။
"သား နာမည်ဘယ်လိုခေါ်လဲ။"
ရွှီရှင်းရုန်က ဆောင့်ကြောင့်ထိုင်ချကာ ညင်ညင်သာသာမေး၏။
ရှောင်နော့က သူ့လက်ညှိုးလေးကိုထုတ်ကာ ခေါင်းလေးကို ဝိုင်းလိုက်ပြန်သည်။
"ရှောင်နော့ မေ့တော့မလို့၊ မေမေကပြောတယ်၊ လူစိမ်းတွေနဲ့ စကားမပြောရဘူးတဲ့။"
စူးကျစ်ယန်နှင့် ရွှီရှင်းရုန်တို့ သဘောကျသွားကြသည်။
"ဆိုတော့ သားနာမည်က ရှောင်နော့ ပေါ့?"
