အပိုင်း (၂၉၆)
'ချီကျင့်ယွီ'၏စကားကိုကြားသောအခါ လင်ရှီး၏မျက်နှာလေးက စိတ်ဓာတ်ကျသွားဟန်။
"အင်းလို့၊ တော်တော်လေးလွမ်းတယ်၊ ကျွန်မ ပင်ပန်းတယ်လို့ခံစားရတိုင်း သူ့ကိုသတိရတယ်။"
ရွှီယိကျစ်၏မျက်လုံးများက တလက်လက်တောက်နေလျက် တစ်ချိန်တည်းမှာပဲ နည်းနည်းရင်နာမိသည်။ အကယ်၍သာ မိမိက သူမဘေးမှာပဲရှိနေကြောင်း လင်ရှီးကို ပေးသိလို့ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။
"ဟုတ်သားပဲ၊ အရင်က ရှင်နဲ့စကားပြောဖို့ အခွင့်မကြုံခဲ့သေးဘူး၊ 'သေရေးရှင်ရေးလေ့ကျင့်ခန်း'ဆိုတာ ဘာလဲ ရှင်သိလား။"
"မသိဘူး" ရွှီယိကျစ်က ခပ်ဖွဖွခေါင်းခါသည်။
"ကျွန်မတို့ကို တောထဲတောင်ထဲလွှတ်ပြီး ၃ ရက် အသက်ဆက်ခိုင်းတာ။"
"ဒီလိုကိုး! မရီး တော်တော်သိတာပဲ။"
ရွှီယိကျစ်က ချီကျင့်ယွီ၏ အံ့ဩသွားသည့်အသံကို တုပပြောလိုက်သည်၊ လင်ရှီး အခုအချိန်ထိ သံသယမဝင်သေးပေ။
"အခု ရှင်ဂရုစိုက်ရမှာကတော့ အဲဒါမဟုတ်သေးဘူး၊ ဒါပေမယ့် ကျွန်မတို့ တောထဲရောက်သွားရင် အန္တရာယ်တွေနဲ့တွေ့နိုင်ခြေများတယ်ဆိုတာပဲ။"
လင်ရှီး၏မျက်နှာက စိုးရိမ်မှုများပြည့်လျှမ်းလျက်။ သူမ ယူလာသည့် ပစ္စည်းသုံးမျိုးကလည်း အန္တရာယ်များ ဖြတ်ကျော်ရန် အကူအညီဖြစ်မဖြစ်တော့ မသိပါချေ။
ရွှီယိကျစ် ခေါင်းညိမ့်လိုက်သည်။
"အင်း အမှန်ပဲ၊ ဒီနေ့ပုံစံကြည့်ရတာ နှင်းကြီးမယ့်ပုံပေါ်တယ်၊ ကျွန်တော်တို့ အခုအချိန်သာ အပြင်ထွက်လို့ကတော့ ထည့်စဉ်းစားရမယ့်အချက်က တကယ်ပဲ တော်တော်လေးများတယ်။"
........
ထင်ထားသည့်အတိုင်းပင်၊ သူတို့ မထွက်ခွာခင် ၂ နာရီအလိုမှာပဲ နှင်းကျလာခဲ့သည်။
"အဖွဲ့ခေါင်းဆောင်၊ ကျွန်မတို့ ဒီလိုရာသီဥတုကြီးမှာလည်း သွားရဦးမှာလားဟင်။"
ရှန်ပင်းချန့်၏မျက်နှာက အလိုမကျမှုများဖြင့်၊ ဒီလိုရာသီဥတုကြီးမှာ အပြင်ထွက်လို့ကတော့ ခဲပြီးသေမသွားနိုင်လောက်ဘူးလား။