Chapter 224

531 51 0
                                    

Kiss Husband - 224

အပိုင်း (၂၂၄)

နေရောင်ခြည်နွေးနွေးက ‌လှပသောတောင်ပေါ်ရွာကလေးကို နိုးထစေလိုက်သည်။ အဝေးမှကြည့်လျှင် မြစိမ်းရောင်ကမ္ပလာတစ်ထပ်ပေါ် ရွှေမှုန်များလွှမ်း‌ခြုံထားသကဲ့သို့ ထင်ရ၏။

နေ့သစ်တစ်နေ့ ထပ်မံစတင်လာခဲ့ပြီး သူမတို့ ရိုက်ကူးရေးလည်း ဆက်လက်လုပ်ဆောင်ကြရပေမည်။

"အဘိုး၊ ဒီဓာတ်ပုံထဲကလူတွေက အဘိုးရဲ့သားနဲ့ချွေးမလား။"

လင်ရှီး သူမလက်ထဲရှိဓာတ်ပုံကို ကြည့်လိုက်သည်။ သူမသာ မျက်နှာမမြင်နိုင်ခြင်း ဖြစ်မနေလျှင် ဒီအချိန်တွင် ဓာတ်ပုံထဲကလူနှစ်ယောက်ကို သူမ ခွဲခြားမြင်နိုင်လိမ့်မည်။ သူမ ဒီလူနှစ်ယောက်ကို ယခင်က မြင်ဖူး၏။

"ဟုတ်တယ်ကွ၊ ငါ့သားနာမည်က ကုန်းသယ်ဟိုင်၊ ချွေးမနာမည်က ကျောင်းလိ၊ ငါချီထားတဲ့ကလေးလေးကတော့ ကုန်းဇစ်မင်၊ သူတို့ထွက်သွားတုန်းက ဒီဓာတ်ပုံလေး ချန်ထားခဲ့တာလေ။"

လင်ရှီး ခဏမျှစဉ်းစားလိုက်ပြီးနောက် ဖုန်းကိုထုတ်ကာ တိတ်တဆိတ် ဓာတ်ပုံရိုက်ထားလိုက်သည်။ ဒီတီဗီပရိုဂရမ်မှတစ်ဆင့် ဇစ်မင်၏မိဘများကို ရှာတွေ့နိုင်လျှင် ကောင်းပေမည်။

လင်ရှီးနှင့်လီမင်တို့မှာ တာဝန်အကူပစ္စည်းများထဲတွင် သဲလွန်စတချို့ ရှာတွေ့ခဲ့၏။ ၎င်းတို့ထဲရှိ အမှတ်အသားတစ်ခုမှာ ကျောင်း ဖြစ်ကြောင်း သူမတို့ တွေ့ခဲ့ကြသည်။ လိုက်မေးကြည့်ပြီးနောက် ဤနေရာတွင် မူလတန်းကျောင်းတစ်ကျောင်းသာ ရှိကြောင်း သိခဲ့ရသည်၊ ထို့ကြောင့် သူမတို့ တစ်လျှောက်လုံး လိုက်လာခဲ့ကြ၏။ ‌ဒီနေ့တော့ သူမတို့နောက်တွင် ရိုက်ကူးရေးဒါရိုက်တာတစ်ယောက် အပိုပါလာခဲ့သည်။

"ဇစ်မင် နေ့တိုင်း ဒီလောက်အန္တရာယ်များတဲ့ တောင်ပေါ်လမ်းကနေသွားပြီး ကျောင်းတက်ရတာလား။"

ကံကောင်းစွာဖြင့် သူတို့ ကြိုတင်ပြင်ဆင်ထားသော ညှပ်ဖိနပ်တစ်စုံက ယခုအချိန်တွင် အသုံးဝင်လာခဲ့သည်။ ဤသည်မှာ အင်မတန်ကျဉ်းမြောင်းကာ မတ်စောက်သော လမ်းတစ်လမ်းဖြစ်ပြီး သတိမထားလျှင် ချော်ကျနိုင်ပေသည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now