Chapter 230

527 47 0
                                    

Kiss Husband - 230

အပိုင်း (၂၃၀)

ချီကျားယန် ခပ်ဖွဖွမျက်မှောင်ကြုံ့မိသည်၊ သု ဒီမေးခွန်းကို ကျော်လို့ရမလားဟု မေးတော့မည့်အချိန်မှာပဲ ချီကျင့်ယွီက သူ့စိတ်ကို ဖတ်လိုက်နိုင်ပုံရသည်။

"ဒါက ခင်ဗျားတို့ အချစ်ကို စစ်ဆေးတဲ့ စံနှုန်းပါနော့။"

ချီကျားယန်မှာ အသည်းအသန်ကြိုးစား၍ ပြုံးနေလျက်။

"လွန်ခဲ့တဲ့ ၂ လကပါ။"

"ဟုတ်ပြီ နောက်မေးခွန်းတစ်ခု၊ မစ္စအော် ခင်ဗျားကိုယ်ခင်ဗျား မိသားစုကို ချစ်တတ်ပြီး မိတ်ဆွေသူငယ်ချင်းတွေအားလုံးကို စိတ်ရင်းအစစ်နဲ့ ဆက်ဆံတတ်တဲ့သူလို့ ထင်ပါသလား။"

ချီကျင့်ယွီ၏စကားများက သူမနှင့် လုံးဝမလိုက်ဖက်မှန်း သိနေသည်တောင်မှ အော်မုန့်ရွှယ် နှုတ်ခမ်းထောင့်ရှိအပြုံးမှာ လုံးဝပျက်မသွားခဲ့ပေ။

"ထင်ပါတယ်။"

"မစ္စတာချီ၊ ခင်ဗျားနံဘေးက မိသားစုကို ချစ်တတ်ပြီး သူငယ်ချင်းတွေကို ဂရုစိုက်တတ်တဲ့ ဒီအမျိုးသမီးကို လက်ထပ်ဖို့ ဆန္ဒရှိပါသလား၊ သူ ဘယ်လောက်ပဲ လှလှ၊ သူ့အတွင်းစိတ်က ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ၊ သူ့နည်းလမ်းများက ဘယ်လောက်ပဲ ရက်စက်ပါစေ၊ သူ့မှာ မျက်နှာဘယ်နှမျိုးပဲရှိရှိ၊ သူ့စိတ်နေစိတ်ထားက ဘယ်လောက်ပဲ ယုတ်ယုတ်၊ လက်ထပ်ဖို့ ဆန္ဒ၇ှိပါသလားခင်ဗျာ။"

သူက 'သူ ဘယ်လောက်ပဲလှလှ'ဟု ပြောသည်ကို ကြားလိုက်ရသောအခါ အော်မုန့်ရွှယ်မှာ ဂုဏ်ယူစွာ ခေါင်းမော့ထားခဲ့သော်လည်း နောက်ထပ်စကားများကို ကြားပြီးနောက်မှာ သူမမျက်နှာ တောင့်ခဲသွား၏။ ဒီဦးလေးက စကားရောပြောတတ်ရဲ့လား၊ ချီကျင့်ယွီ တမင်လုပ်တာမဟုတ်ဖို့သာ သူမ မျှော်လင့်ရသည်။

ဝမ်စူးဖျင်၏မျက်နှာကြီးက ချက်ချင်းမည်းမှောင်သွား၏။

"ကျင့်ယွီ ဘာတွေပြောနေတာတုန်း၊ သူ့ဒီလိုစကားပြောတဲ့အဆင့်နဲ့ ဘယ်လိုလုပ် ရွှီအုပ်စုရဲ့ ဒုဥက္ကဌဖြစ်နေနိုင်တာလဲ၊ ယန်ပင်း ကျွန်မ အခမ်းအနားမှူးကို လဲပြီး ကျင့်ယွီကို ဆင်းလာခိုင်းလိုက်ရမလား။"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now