Kiss Husband - 205
အပိုင်း (၂၀၅)
လင်ရှီးက ရှောင်နော့ကို ကြည့်လိုက်ပြီးနောက် ပြောသည်။
"အမှန်တော့ ကျွန်မက ရှောင်နော့ကို တခြားကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံရဖို့ မူကြိုပို့ချင်ပါတယ်၊ ဒါပေမယ့် သူ ပြောတာက..."
"မေမေ!"
ရှောင်နော့က အော်လိုက်ပြီးနောက် ခုံလေးပေါ် ချက်ချင်းခုန်ဆင်းလာကာ လင်ရှီး၏နားနားတိုးတိုးကပ်ပြောလာသည်။
"မေမေ၊ ဘိုးဘိုးနဲ့ဘွားဘွားတို့ကို မပြောပါနဲ့။"
"ဘာလို့တုန်း။"
"သား နည်းနည်းရှက်လို့။"
ကလေးလေးပြောသည်ကိုကြားလျှင် လင်ရှီး၏မျက်နှာထက် အပြုံးလေးပေါ်လာသည်။
"ဟုတ်ပြီ၊ ဘိုးဘိုးနဲ့ဘွားဘွားတို့ကို မပြောတော့ဘူးနော်၊ ဒါဆို သား မူကြိုသွားချင်သေးလား။"
ပေါက်စလေးက ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိမ့်လိုက်သည်။ "အွန်း၊ အွန်း!"
လင်ရှီးက ချက်ချင်း စူးကျစ်ယန်ကို ကြည့်လိုက်ပြီး။
"အမေ၊ ဘယ်မူကြိုကောင်းလဲ သိလားဟင်။"
စူးကျစ်ယန်စိတ်ထဲတွင် အကြံရှိနေပြီးဖြစ်၏။
"တို့အိမ်နားမှာ အဆင်မြင့်မူကြိုတစ်ခုရှိတယ်၊ ပတ်ဝန်းကျင်နဲ့ အဆောက်အဦကတော့ အရည်အသွေးအကောင်းဆုံးပဲ၊ ပညာရေးအရည်အသွေးကလည်း မြင့်တယ်၊ အရေးအကြီးဆုံးက သူတို့က ကလေးတွေရဲ့အလားအလာကို မြှင့်တင်ပေးနိုင်အောင် ကြိုးစားကြတယ်လေ၊ အဲဒီကနေ မူကြိုပြီးရင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း တိုက်ရိုက်တက်လို့ရတယ်၊ သမီးဘယ်လိုထင်လဲ။"
လင်ရှီး ခပ်ဖွဖွမျက်မှောင်ကြုံ့မိသည်။ အမှန်မှာ သူမ ရှောင်နော့အား သူမထံမှ သက်ရောက်မခံရစေရန် သာမန် ရိုးရှင်းသောဘဝလေးကိုသာ ပိုင်ဆိုင်စေလိုခြင်းဖြစ်သည်။
"အဆင့်မြင့်ကျောင်းတွေမှာ ကျင့်သားရဖို့ဆိုတာ ပိုခက်မနေလောက်ဘူးလားဟင်။"
ရှောင်နော့က တောင်ပေါ်တွင် ၄ နှစ်မျှနေခဲ့ရခြင်းဖြစ်၍ ၎င်းနှင့် အပြည့်အဝပေါင်းစပ်အသားကျဖို့က သူ့အတွက် ခက်ခဲလေသည်။